ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြုကုတ်မြို့များကို လက်လွှတ်လိုက်ရသည်ဟု စစ်ကောင်စီဝန်ခံ

By 002 (မဇ္စျိမ)
02 November 2023
ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြုကုတ်မြို့များကို လက်လွှတ်လိုက်ရသည်ဟု စစ်ကောင်စီဝန်ခံ
Photo-EPA

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ Operation 1027 အောက်တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြုကုတ်မြို့များကို လက်လွှတ်လိုက်ရသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားလိုက်သည်။

" အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်း ‌တွေ လက်လွတ်ခဲ့ရတဲ့နေရာတွေ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ်။ ဒီသုံးခုတော့ ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ‌​ပြောသည်။
 
သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းတခုလုံးကို လက်လွတ်ရခြင်းမရှိသေး ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။
 
အောက်တိုဘာ ၂၇ ရက်မှစတင်သော ထိုးစစ်  ခြောက်ရက်တာကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး ၈၇ ခုကျော်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု  MNDAA (ကိုးကန့်)၊ TNLA (တအာင်း)နှင့် AA (ရက္ခိုင်)တို့ပါဝင်သော  မြောက်ပိုင်း‌မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly