မြန်မာမြောက်ပိုင်း တိုက်ပွဲများ ချက်ချင်းအပစ်ရပ်ရန် တရုတ် တိုက်တွန်း

မြန်မာမြောက်ပိုင်း တိုက်ပွဲများ ချက်ချင်းအပစ်ရပ်ရန် တရုတ် တိုက်တွန်း

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုက်ပွဲများ ချက်ချင်း အပစ်ရပ်စဲရန် တရုတ်က နိုဝင်ဘာ ၂ ရက်တွင် တိုက်တွန်းကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်တွင် ဖော်ပြသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပြီးနောက် တရုတ်နယ်စပ်ရှိ မဟာဗျူဟာကျသော မြောက်ပိုင်းမြို့တမြို့ကို ထိန်းချုပ်မှု လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း မြန်မာစစ်တပ်က ဝန်ခံပြီးနောက် တရုတ်၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ချက်ချင်း အပစ်အခတ်ရပ်စဲပြီး တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ သက်ဆိုင်သူအားလုံးကို တရုတ်အနေနဲ့ တိုက်တွန်းတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်းက ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဆွေးနွေးခြင်းနှင့် တိုင်ပင်ညှိနှိုင်းခြင်းကဲ့သို့ ငြိမ်းချမ်းသော နည်းလမ်းများမှတဆင့် သဘောထားကွဲလွဲမှုများကို ပြေလည်အောင် ဖြေရှင်းရန် တိုက်ပွဲများတွင် ပါဝင်နေသူများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required