MNDAA က ချင်းရွှေဟော်မြို့မှ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးသည်ဆိုသော သတင်းအမှား 

By ZZ (မဇ္ဈိမ)
27 October 2023
MNDAA က ချင်းရွှေဟော်မြို့မှ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးသည်ဆိုသော သတင်းအမှား 

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ချင်းရွှေဟော်မြို့ရှိ ပြည်သူ များအား ဓားစာခံအဖြစ်ဖမ်းဆီးသည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှား ယွင်းနေသည်။

ကိုသက် တယ်လီဂရမ်ချန်နယ်က “MNDAA အကြမ်းဖက်စစ်သွေးကြွများ ချင်းရွှေဟော်မြိုက ပြည်သူများ ကို ဓားစာခံလုပ်ဖမ်းဆီး” (မူရင်းအရေးအသားအတိုင်း)ဟု ရေးသားကာ ရုပ်သံဖိုင်တခုနှင့်အတူဖြန့်ဝေ ထားသည်။ 
ရုပ်သံဖိုင်တွင် ပြည်သူအများစု အလောတကြီး သွားလာလှုပ်ရှားနေကြသည်ကိုတွေ့မြင်ရပြီး ယင်းပို့စ်အား ဝင်ရောက်ကြည့်ရှုသူ ၈၀,၀၀ ကျော်ရှိနေပြီဖြစ်သည်။ ထို့ပြင် အခြားတယ်လီဂရမ်ချန်နယ်ခြောက်ခုနှင့် ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ ဤအကြောင်းအရာနှင့်ပတ်သက်၍စစ်ဆေးခဲ့ရာ ထိုရုပ်သံဖိုင်မှာ စစ်ပွဲကြောင့် ချင်းရွှေဟော်မြို့မှပြည်သူများ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း တွေ့ရသည်။ 

အဆိုပါရုပ်သံဖိုင်အား  Kachin News Group မှ အစောဆုံး ဖြန့်ဝေခဲ့ပြီး Video-crd ဟုဖော်ပြကာ အခြား သူများကလည်း ယူငင်အသုံးပြုထားခြင်းဖြစ်ကြောင်းဖော်ပြထားပြီး အကြောင်းအရာ တိတိကျကျ မဖော် ပြထားချေ။ 
သတင်းဖော်ပြမှုတွင်  ချင်းရွှေဟော်မြို့ကို MNDAA တပ်ကသိမ်းပိုက်၍ ကာစီနို၊ လောင်းကစားဝိုင်းများမှ ဝန်ထမ်းများနှင့် ပြည်သူများ တရုတ်ဘက်ခြမ်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
လင့် - https://shorturl.at/fnHKS 

ရုပ်သံဖိုင်တွင်ပါဝင်သည့် မြင်ကွင်းများအရ ပြည်သူများသည် အလောတကြီးဖြင့် တနေရာသို့ ဦးတည်သွား နေကြခြင်းဖြစ်သည်။  နောက်ခံတွင်ပါဝင်သည့်အသံမှာလည်း ဆဲဆိုကြိမ်းမောင်းနေသည့် လေသံမျိုး မဟုတ်ဘဲ တစ်ခုခုကို ညွှန်ကြားနေသည့် လေသံဖြစ်သည်။ 
ထိုစကားသံမှာ တရုတ်စကားသံဖြစ်ပြီး အဓိပ္ပါယ်မှာ မလောရန်၊ မကြောက်ရန် နှင့် လုံခြုံကြောင်း၊ အချိန်ရှိ ကြောင်း ဆိုထားခြင်းဖြစ်သည်။ 

သျှမ်းသံတော်ဆင့်သတင်းဌာန၏  ဗမာပိုင်းအစီအစဉ်မှလည်း “ချင်းရွှေဟော်မြို့ ပြည်သူ တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ” ဆိုသည့် သတင်းခေါင်းစဉ်နှင့်အတူ ယင်းရုပ်သံဖိုင်အား ဖော်ပြထားသည်။
ချင်းရွှေဟော်မြို့တွင် ယနေ့ အောက်တိုဘာ ၂၇ ဥ◌် နံနက် ၄ နာရီမှစတင်ကာ စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းများအရ သိရသည်။  လင့် - t.ly/qHKG-

ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ရှိ ချင်းရွှေဟော်မြို့ကို မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ MNDAA က ပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီးခြင်းကို ယုံကြည်ရသည့် သတင်းဌာနများတွင်လည်း ဖော်ပြထားခြင်း မရှိပေ။ ပြည်သူအများစု လုံခြုံစိတ်ချရသည့် နေရာသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းကိုသာ တွေ့ရသည်။  

ထို့ကြောင့် MNDAA က ချင်းရွှေဟော်မြို့မှပြည်သူများအား ဓားစာခံလုပ်ကာဖမ်းဆီးထားသည်ဆိုသော ရုပ်သံဖိုင်မှာ အမှန်တကယ်မဟုတ်ဘဲ ပြည်သူများအထိတ်တလန့်ဖြစ်စေရန် ဖြန့်ဝေထားသော သတင်း အမှား သာဖြစ်သည်။

ယခုကဲ့သို့ တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူအများရှောင်တိမ်းနေရချိန်တွင် တိုက်ပွဲအခြေအနေနှင့် ဆက်စပ်သည့်သတင်းမှားများကို စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့်ချိရေးချန်နယ်များက ဖော်ပြလေ့ရှိ ၍ သတင်းများကို သတိထားဖတ်ရှုသင့်ကြောင်း အသိပေးလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - t.ly/AjFbz သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါ သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required