မန္တလေး တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတားကျိုးကျ

By 008(မဇ္ဈိမ)
29 October 2023
မန္တလေး တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတားကျိုးကျ
ဓာတ်ပုံ CJ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းအတွင်းရှိ ဦးပိန်တံတား အရှေ့ဘက်ခြမ်း အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျိုးကျသွားကြောင်း သိရသည်။

ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် တောင်သမန်အင်းသို့ လာရောက်လည်ပတ်သူများပြားပြီး ဦးပိန် တံတားပေါ်သို့ ဖြတ်သန်းသူများပြားခြင်းကြောင့် ယခုကဲ့သို့ ကျိုးကျခြင်းဖြစ်ကြောင်း သိရသည်။

“အနောက်ဘက်ထိပ်က ကြံ့ခိုင်မှုရှိသေးတယ်။ အရှေ့ဘက်ထိပ်က နည့်နေတာကြာပြီ။ ဒါကို ဖြတ်သန်းဖို့ ကန့်သတ်တာ သတိပေးတာ မလုပ်ဘူး။ မလုပ်တော့ အခုလိုဖြစ်တာပေါ့ဗျာ” ဟု ဒေသခံ စျေးသည်တဦး က ပြောသည်။

ထိုတံတားကျိုးကျမှုတွင် လူထိခိုက်မှုမရှိကြောင်း၊ အပျက်အစီးများကိုရှင်းလင်းနေပြီး တံတားနှင့်အတူ လိမ့်ကျသွားသူများ၏ ပျောက်ဆုံးပစ္စည်းများကို ရှာဖွေပေးနေကြောင်း ဒေသခံ ပရဟိတသမားတဦးက ပြောသည်။

“ကျွန်တော်တို့အဖွဲ့က အပျက်အစီးတွေရှင်းတယ်။ ရေထဲကျသွားတဲ့ ဖုန်းတို့ ပိုက်ဆံအိတ်တို့ ရှာဖွေပေး နေပါတယ်” ဟု ၎င်းကပြောသည်။

ဦးပိန်တံတားသည် နှစ်ပေါင်း ၁၆၀ကျော် သက်တမ်းရှိကြောင်းသိရပြီး လက်ရှိတွင် ယင်းတားပေါ်သို့ ဖြတ်သန်းသွားလာမှု ကန့်သတ်ထားကြောင်းလည်း  သိရသည်။

စာတည်း ။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required