စင်္ကာပူ၏ အလုပ်လက်မဲ့နှုန်း မြင့်တက်

By Vietnam Plus
29 October 2023
စင်္ကာပူ၏ အလုပ်လက်မဲ့နှုန်း မြင့်တက်
မျက်နှာဖုံးများ ဝတ်ဆင်ထားသော ရုံးဝန်ထမ်းများကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ ဘဏ္ဍာရေးစီးပွားရေး ခရိုင်တွင် တွေ့ရစဉ်။ (Photo: AFP/Roslan Rahman)

စင်္ကာပူတွင် အလုပ်လက်မဲ့ဖြစ်သည့် နေထိုင်သူဦးရေနှင့် လူအင်အားလျှော့ချမှုအရေအတွက်တို့က ၂၀၂၃ တတိယသုံးလပတ်တွင် မြင့်တက်ခဲ့ပြီး အားနည်းသော စီးပွားရေး အလားအလာက လက်ကား ရောင်းဝယ်ဖောက်ကားမှုကဲ့သို့ ကဏ္ဍများကို ကျဆင်းစေခဲ့ကြောင်း လူ့စွမ်းအား ဝန်ကြီးဌာန (MOM) ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ဝန်ထမ်းလူအင်အား လျှော့မှုများက ဒုတိယသုံးလပတ်က ၃,၂၀၀ မှ ၉၀၀ မြင့်တက်ပြီး တတိယသုံးလပတ်တွင် ၄,၁၀၀ ကို ရောက်ရှိပြီး မြင့်တက်မှုအများစုသည် လက်ကား ရောင်းဝယ်ဖောက်ကားမှုမှ ဖြစ်သည်။ ယင်းသည် စင်္ကာပူ စီးပွားရေးတွင် ဒုတိယအကြီးဆုံး ကဏ္ဍဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အမည်ခံဂျီဒီပီ၏ ၁၈ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ၂၀၂၂ ဒီဇင်ဘာလအထိ လူ ၃၀၀,၀၀၀ ကျော်ကို အလုပ်ခန့်အပ်ပေးထားခဲ့သည်။

လူအင်အား လျှော့ချမှုများတွင် သိသိသာသာ မြင့်တက်ခြင်းက ကဏ္ဍတွင် ကြုံတွေ့ရသည့် အားနည်းသော ပြင်ပအလားအလာကို ထင်ဟပ်နေကြောင်း MOM က ပြောသည်။

၂၀၂၃ ခုနှစ်တွင် လက်ရှိအချိန်အထိ ဝန်ထမ်းလူအင်အား လျှော့ချမှုပေါင်း ၁၁,၁၂၀ ရှိပြီး ယင်းက ၂၀၂၂ တနှစ်လုံး၏ ၆,၄၄၀ ၏ နှစ်ဆနီးပါး ဖြစ်သည်။

စက်တင်ဘာလတွင် စင်္ကာပူနိုင်ငံသားများနှင့် အမြဲတမ်း နေထိုင်သူများ စုပေါင်းပါဝင်သည့် အလုပ်လက်မဲ့ နေထိုင်သူဦးရေ ၆၈,၀၀၀ ရှိရာ ဇွန်လက မှတ်တမ်းတင်ထားသည့် ၆၅,၆၀၀ မှ ၃ ရာခိုင်နှုန်းကျော် မြင့်တက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required