၁၉၉၅ နောက်ပိုင်း ပထမဆုံးခရစ္စမတ်အကြိုနေ့ ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ်ခရစ္စမတ်ပွဲတော်ကာလ ပွဲစဉ်များ ထုတ်ပြန်

By BBC
27 October 2023
၁၉၉၅ နောက်ပိုင်း ပထမဆုံးခရစ္စမတ်အကြိုနေ့ ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ်ခရစ္စမတ်ပွဲတော်ကာလ ပွဲစဉ်များ ထုတ်ပြန်

ဝုဖ်ဖ်က ချယ်လ်ဆီးကို လက်ခံကစားချိန်မှာ ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်အကြိုနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်တပွဲကို ကစားမှာဖြစ်ပါတယ်။

မူလက ဒီဇင်ဘာ ၂၃ ရက်အတွက် စီစဉ်ခဲ့တဲ့ ဒီပွဲစဉ်ကို အခုအခါ ဒီဇင်ဘာ ၂၄ ရက် တနင်္ဂနွေနေ့ (13:00 GMT)မှာ ကစားမှာဖြစ်ပါတယ်။

၁၉၉၂ မှာ ပရီးမီးယားလိဂ်ကို စတင်ဖွဲ့စည်းပြီးနောက်ပိုင်း ၁၉၉၅ မှာ လိဒ်ယူနိုက်တက်က မန်ချက်စတာယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲက တခုတည်းသော ခရစ္စမတ်အကြိုနေ့ပွဲစဉ်ဖြစ်ပါတယ်။

ပွဲတော်ကာလရဲ့ ပွဲစဉ်နေ့ ၃ ခုကို ဒီဇင်ဘာ ၂၃၊ ၂၆ နဲ့ ၃၀ ရက်တို့မှာ ကျင်းပဖို့ ယာယီ စီစဉ်ထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပထမပွဲစဉ်နေ့ကို ဒီဇင်ဘာ ၂၁ ရက်မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး အက်စတွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်ပွဲကတော့ ဒီဇင်ဘာ ၂၂ ရက် သောကြာနေ့ (20:00 GMT) မှာ ကစားရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ခရစ္စမတ်အကြိုနေ့မှာ ဝုဖ်အသင်းဆီ မသွားရောက်ခင် ဒီဇင်ဘာ ၂၃ ရက် စနေနေ့မှာ ခြောက်ပွဲရှိနေမှာဖြစ်ပါတယ်။

ဒုတိယမြောက် ပွဲတော်ကာလ ပွဲစဉ်နေ့တွေကို Boxing Day နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့မှာ ငါးပွဲနဲ့ ဒီဇင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ သုံး ပွဲဖြင့် စတင်မှာဖြစ်ပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၂၈ ရက် ကြာသပတေးနေ့မှာ ဘရိုက်တန်က လက်ရှိပရီးမီးယားလိဂ်ဦးဆောင်သူဖြစ်တဲ့ တော့တင်ဟမ်ကို လက်ခံကစားပြီး၊ ဝက်စ်ဟမ်းအသင်းက အာဆင်နယ်ကို သွားရောက်ရမှာဖြစ်ပါတယ်။

နောက်ရက် ဒီဇင်ဘာ ၃၀ ရက် စနေနေ့မှာ ခြောက်ပွဲကို ကျင်းပမှာဖြစ်တာကြောင့် အဲဒီပွဲတွေကို အပြီးကစားပြီးနောက် ဒီဇင်ဘာ ၃၁ ရက် တနင်္ဂနွေနေ့မှာ အာဆင်နယ်က ဖူလ်ဟမ်ကို အဝေးကွင်း၊ တော့တင်ဟမ်က ဘုန်းမောက်ကို အိမ်ကွင်းမှာ ကစားဖို့ စီစဉ်ရေးဆွဲထားပါတယ်။

ဇန်နဝါရီ ၁ ရက်၊ တနင်္လာနေ့မှာ လီဗာပူးလ်နဲ့ နယူးကာဆယ်၊ ဇန်နဝါရီ ၂ ရက်၊ အင်္ဂါနေ့မှာ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်တွေနဲ့ အဆုံးသတ်ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲတော်ကာလ ပွဲစဉ်များ အပြည့်အစုံ

ဒီဇင်ဘာ ၂၁ ကြာသပတေးနေ့

ခရစ္စတယ်ပဲလေ့စ် v ဘရိုက်တန်

ဒီဇင်ဘာလ ၂၂ ရက် သောကြာနေ့

အက်စတွန်ဗီလာ v ရှက်ဖီးယူနိုက်တက်

ဒီဇင်ဘာ ၂၃ ရက် စနေနေ့

ဝက်စ်ဟမ်း v မန်ယူ
ဖူလ်ဟမ် v ဘန်လေ
လူတန်တောင် v နယူးကာဆယ်ယူနိုက်တက်
နော်တင်ဟမ် ဖောရက်စ် v ဘုန်းမောက်
တော့တင်ဟမ် v အဲဗာတန်
လီဗာပူးလ် v အာဆင်နယ်

ဒီဇင်ဘာ ၂၄ ရက် တနင်္ဂနွေနေ့

ဝုဖ် v ချယ်လ်ဆီး

ဒီဇင်ဘာ ၂၆ အင်္ဂါနေ့

နယူးကာဆယ်ယူနိုက်တက် v နော်တင်ဟမ်ဖောရက်စ်
ဘုန်းမောက် v ဖူလ်ဟမ်
ရှက်ဖီးလ်ယူနိုက်တက် v လူတန်တောင်
ဘန်လေ v လီဗာပူးလ်
မန်ယူ v အက်စတွန်ဗီလာ

ဒီဇင်ဘာ ၂၇ ရက် ဗုဒ္ဓဟူးနေ့

ဘရန့်ဖို့ဒ် v ဝုဖ်
ချယ်လ်ဆီး v ခရစ္စတယ်ပဲလေ့စ်
အဲဗာတန် v မန်စီးတီး

ဒီဇင်ဘာ ၂၈ ကြာသပတေးနေ့

ဘရိုက်တန် v တော့တင်ဟမ်
အာဆင်နယ် v ဝက်စ်ဟမ်း

ဒီဇင်ဘာလ ၃၀ ရက် စနေနေ့

လူတန်တောင် v ချယ်လ်ဆီး
အက်စတွန်ဗီလာ v ဘန်လေ
ခရစ္စတယ်ပဲလေ့စ် v ဘရန့်ဖို့ဒ်
မန်စီးတီး v ရှက်ဖီးလ်ယူနိုက်တက်
ဝုဖ် v အဲဗာတန်
နော်တင်ဟမ်ဖောရက်စ် v မန်ယူ

ဒီဇင်ဘာ ၃၁ ရက် တနင်္ဂနွေနေ့

ဖူလ်ဟမ် v အာဆင်နယ်
တော့တင်ဟမ် v ဘုန်းမောက်

ဇန်နဝါရီလ ၁ ရက် တနင်္လာနေ့

လီဗာပူးလ် v နယူးကာဆယ် ယူနိုက်တက်

ဇန်နဝါရီ ၂ ရက် အင်္ဂါနေ့

ဝက်စ်ဟမ်း v ဘရိုက်တန်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required