MLS တစ်နှစ်တာ အကောင်းဆုံးမျက်နှာသစ် ကစားသမားဆု နောက်ဆုံးဆန်ကာတင်စာရင်းမှာ အင်တာမိုင်ယာမီရဲ့ လီယွန်နယ် မက်ဆီ ပါဝင်

By BBC
27 October 2023
MLS တစ်နှစ်တာ အကောင်းဆုံးမျက်နှာသစ် ကစားသမားဆု နောက်ဆုံးဆန်ကာတင်စာရင်းမှာ အင်တာမိုင်ယာမီရဲ့ လီယွန်နယ် မက်ဆီ ပါဝင်

လီယွန်နယ် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းမှာ လိဂ်ပွဲ ခြောက်ပွဲသာ ကစားပြီးနောက် မေဂျာလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး မျက်နှာသစ်ကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမားဟာ ဇူလိုင်လမှာ ကလပ်အသင်းကို ရောက်ရှိလာခဲ့တာပါ။

သူဟာ မိုင်ယာမီကို လိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးရင်း ပြိုင်ပွဲစုံ ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။

အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးပြီးနောက် တနင်္လာနေ့မှာ ပေးအပ်မယ့် ဘလွန်းဒီအော (Ballon d'Or)ဆုကို မက်ဆီက ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်ပါတယ်။

တခြား MLS တနှစ်တာအကောင်းဆုံးမျက်နှစ်သစ် ဆန်ကာတင်စာရင်းထဲရွေးချယ်ခံရသူတွေမှာ အတ္တလန်တာယူနိုက်တက်ရဲ့ ဂရိတိုက်စစ်မှူး Giorgos Giakoumakis နဲ့ စိန့်လူးဝစ်စီးတီးကွင်းလယ်လူ Eduard Lowen တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required