ဗြိတိန်မှာ တခါသုံး ပလတ်စတစ်ပစ္စည်းအများစု ပိတ်ပင် | VOA On Mizzima

By မဇ္ဈိမ 
12 October 2023
ဗြိတိန်မှာ တခါသုံး ပလတ်စတစ်ပစ္စည်းအများစု ပိတ်ပင် | VOA On Mizzima

အခုအချိန်ကစပြီး ဗြိတိန်နိုင်ငံ အင်္ဂလန်မှာ စားသောက်ဆိုင်တွေက တခါသုံး ပလတ်စတစ် ခွက်တွေ၊ ဇွန်း၊ ခရင်း နဲ့ ဓါးတွေ အပါအဝင် ပလတ်စတစ်သုံး ပစ္စည်း အများစုကို ပိတ်ပင်လိုက်ပါပြီ။ ဒါဟာဆိုရင် ပလတ်စတစ် အမှိုက်သရိုက်တွေကြောင့် သဘာဝပတ်ဝန်ကျင် ပျက်စီးမှာကို လျှော့ချလိုက်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ စကော့တလန် မှာဆိုရင် အဲဒီလို ပိတ်ပင်ထားပြီးဖြစ်သလို မကြာခင် ဒီလကုန်လောက်ကြရင် ဝေလနယ်မှာလည်းပဲ ပလတ်စတစ်သုံးပစ္စည်းတွေ အသုံးပြုတာကို တားဖြစ်ဖို့ စီစဉ်နေပါတယ်။ ဒီအကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားတာကို ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required