စစ်ရှောင်စခန်းက အမျိုးသမီးတွေကို ဘာတွေထောက်ပံ့ပေးဖို့ လိုအပ်နေလဲ

By မိုးသောက် (မဇ္ဈိမ)
10 October 2023
စစ်ရှောင်စခန်းက အမျိုးသမီးတွေကို ဘာတွေထောက်ပံ့ပေးဖို့ လိုအပ်နေလဲ

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ ခုခံတော်လှန်စစ် ဆင်နွှဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက် ၂,၀၀၀,၀၀၀ ကျော်ရှိနေပြီး နောက်ထပ်လည်း လစဉ်တိုးနေပါတယ်။ ဒီထဲမှာ အမျိုးသမီးအရေအတွက် အများဆုံးပါဝင် နေတာ တွေ့ရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် မိမိနေအိမ် ကိုစွန့်ခွာပြီး စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်ရတဲ့အချိန်မှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပို ပြီး  စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာပါ။

အချိန်ကာလကြာလာတာနဲ့အမျှ ပြေးလွှားနေရတဲ့ အမျိုးသမီးတွေအနေနဲ့ စစ်ရှောင်စခန်းတွေမှာ ဘာ တွေ ရင်ဆိုင်နေကြရပါသလဲ။ 

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေမှာ  စစ်ကောင်စီစစ်ကြောင်းရဲ့အန္တရာယ်ကိုလည်း အချိန် မရွေးရင်ဆိုင်ရနိုင်သလို သတ်ဖြတ်ခံရတာနဲ့ အဓမ္မပြုကျင့်ခံရခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားမှု တွေကိုလည်း ကြုံတွေ့ရနိုင်ချေများနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required