၄၄ လမ်းဖြစ်စဉ်တွင် ကျဆုံးသူများအား ဂုဏ်ပြုသည့် လှုပ်ရှားမှု ပြုလုပ်

By ဂန္ဒမာ(မဇ္ဈိမ)
07 October 2023
၄၄ လမ်းဖြစ်စဉ်တွင် ကျဆုံးသူများအား ဂုဏ်ပြုသည့် လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့၊ ၄၄ လမ်းဖြစ်စဉ် တွင် ကျဆုံးသွားသူများအား ဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်မြို့ စျေးတနေရာတွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု တခုကို North Dagon Oppressed People's Strike Colition က ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကြပ်ထားသည့်ကြားက အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်၊ ၄၄ လမ်း၊ လေးလွှာရှိ တိုက်ခန်း နေအိမ်တခုကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းစဉ် လူငါးဦး တိုက်ပေါ်မှ ခုန်ချကာ ကျဆုံးသွားခြင်း ဖြစ်သည်။

ယင်းနောက် ထိုဖြစ်စဉ်နှင့် ဆက်စပ်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသူ အသက် (၂၁) နှစ်အရွယ် ကိုမင်းဟိန်းခန့်သည် လည်း အင်းစိန်အကျဉ်းထောင်တွင် နှလုံးရောဂါဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly