ပုလိပ်မြို့ပေါ်မှ ရဲစခန်း လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရ

By ပါခွီး(မဇ္စျိမ)
24 September 2023
ပုလိပ်မြို့ပေါ်မှ ရဲစခန်း လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့ပေါ်ရှိ ရဲစခန်းကို လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)က ယနေ့ စက်တင်ဘာလ ၂၄ ရက် တွင် ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၃ ရက် ည ၇နာရီကျော်ခန့်က ပုလိပ်ရဲစခန်းတွင် ရဲများ စခန်းတံခါးပိတ်နေစဥ် တိုက် ခိုက်ခဲ့ရာ ခြောက်ဦးအနက် လေးဦးလဲကျသွားကြောင်း ဆိုသည်။

“ရဲလေးယောက် လဲကျသွားတာမြင်လိုက်ရတယ်။ သေမသေတော့ မသိရသေးဘူး”ဟု PAFD ခေါင်း ဆောင် ကိုတေဇက မဇ္စျိမကို ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိရဲများက လိုက်လံပစ်ခတ်သော်လည်း ပြည်သူ့တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

အဆိုပါရဲစခန်းမှ ရဲများသည် လမ်းအသွားအလာများကို စစ်ဆေးခြင်း၊ အဓမ္မ ငွေတောင်းခံခြင်းများနှင့် CDM ဝန်ထမ်းများကိုဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ကိုတေဇကပြောသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly