ရွေးကောက်ပွဲကျင်းပပြီးချိန်အထိ တောင့်ခံကြဖို့ တပ်မိသားစုဝင်တွေကို စည်းရုံးပြောဆိုဟု CDM ဗိုလ်ကြီးပြော

By မိုးသောက်(မဇ္ဈိမ)
22 September 2023
ရွေးကောက်ပွဲကျင်းပပြီးချိန်အထိ တောင့်ခံကြဖို့ တပ်မိသားစုဝင်တွေကို စည်းရုံးပြောဆိုဟု CDM ဗိုလ်ကြီးပြော

ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ တောင့်ခံထားကြဖို့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်တွင်းမိသားစုတွေကို စစ်ကောင်စီက စည်းရုံးပြောဆိုတာတွေရှိတယ်လို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။

ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲ ပြန်ပြီး ကျင်းပပေးမယ်လို့ပြောကြားလေ့ရှိလာရာက လက်ရှိတပ်တွင်းမှာလည်း ရွေးကောက်ပွဲပြုလုပ်နိုင်မယ်ဆိုရင်  တပ်ရင်းတပ်ဖွဲ့ တည်ဆောက်နိုင်မယ်ဆိုပြီး မျှော်လင့်ချက်ပေး ပြောဆိုတာတွေရှိလာတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွင်းကနေ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက် CMD ပြုလုပ်လာသူတွေရှိနေတာဖြစ်ပါတယ်။

တည်းဖြတ်/တင်ဆက်- မိုးသောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly