ငါန်းဇွန်မှာ စစ်ကောင်စီ ဌာနဆိုင်ရာ အရာရှိ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

By မဇ္ဈိမ
26 October 2023
ငါန်းဇွန်မှာ စစ်ကောင်စီ ဌာနဆိုင်ရာ အရာရှိ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနဲ့ စားသုံးသူရေးရာဦးစီးအရာရှိတို့ နှစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို လက်မခံဘဲ ကားမောင်းထွက်ပြေးတာကြောင့် တားဆီးပစ်ခတ်ရာ နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့က မဇ္ဈိမကို ပြောပါတယ်။

သူတို့နှစ်ဦးဟာ မြို့သာ-မန္တလေးလမ်းပိုင်းမှာ အောက်တိုဘာလ ၂၄ ရက်နေ့၊ ညနေ ၃ နာရီကျော််အချိန်မှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

တင်ဆက်= ဂျူချန်း
တည်း/ဖြတ်= မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly