၈၇၂ ရက်မြောက် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
11 August 2023
၈၇၂ ရက်မြောက် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
စာအညွှန်း- ယင်းမာပင်နှင့် ဆားလင်းကြီး မြိုနယ်မှ ဆန္ဒပြပြည်သူများ( ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး  ၈၇၂ ရက်မြောက် ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၁၁ရက်တွင် ချီတက်ကြသည်ဟု သိရသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲဆီသို့” ဟူသည့် စာတမ်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

သပိတ်စစ်ကြောင်းသည် ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး တော်လှန်တရားများ ဟောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းမာပင်မြို့နယ်နှင့် ဆာလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required