ချင်းတွင်းမြစ်ကမ်းဘေးက စစ်ရှောင်တွေရဲ့ အခက်အခဲ (ရုပ်သံ)

By လွှမ်းမိုး(မဇ္ဈိမ)
10 August 2023
ချင်းတွင်းမြစ်ကမ်းဘေးက စစ်ရှောင်တွေရဲ့ အခက်အခဲ (ရုပ်သံ)

 စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းကနေ စစ်ကောင်စီစစ်သင်္ဘောတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော်ဟာ ဇူလိုင်လ ၈ ရက်နေ့ကစပြီး နေရပ်စွန့်ခွာထွက်‌ပြေးနေရပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူတွေဟာ နီးစပ်ရာတောတောင်တွေထဲမှာ စစ်ရှောင်နေရပြီး ဖြစ်သလိုနေထိုင်စားသောက်နေရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာရှိနေပါတယ်။ဒါ့အပြင် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးရန်ကိုလည်း ကြောက်လန့်နေရတယ်လို့ စစ်ဘေးရှောင်တွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်းအနောက်ဘက်လွင်ပြင်ဒေသဖြစ်တဲ့ ကနီ၊ ပုလဲ၊ ယင်းမာပင်စတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်က ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရပါတယ်။

တင်ဆက်၊ ရုပ်သံတည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly