မူးယစ်ဆေးဝါးခိုးသွင်းမှု တားဆီးရေးအတွက်   သဘောတူစာချုပ်၂၇ ခု အပါအဝင်   နားလည်မှုစာချွန်လွှာ ၁၆ ခုကို  အိန္ဒိယ လက်မှတ်ရေးထိုးထား

By The print
04 August 2023
မူးယစ်ဆေးဝါးခိုးသွင်းမှု တားဆီးရေးအတွက်   သဘောတူစာချုပ်၂၇ ခု အပါအဝင်   နားလည်မှုစာချွန်လွှာ ၁၆ ခုကို  အိန္ဒိယ လက်မှတ်ရေးထိုးထား

အိန္ဒိယသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် ၂၇ ခု၊ နားလည်မှုစာချွန်လွှာ (MoU) ၁၆ ခုနှင့် နိုင်ငံအသီးသီးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်  ၂ ခုကို လက်မှတ်ရေးထိုးထား ကြောင်း ပြည်နယ်လုံခြုံရေးဝန်ကြီး နစ်ရန်နာဒ် ရိုင်းက အိန္ဒိယအထက်လွှတ်တော်သို့  သြဂုတ် ၂ ရက် တွင် စာဖြင့် ဖြေကြားရှင်းလင်းခဲ့သည်။

 မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုနဲ့ အလွဲသုံးစားလုပ်မှုသည် နိုင်ငံဖြတ်ကျော် ပြဿနာ ဖြစ်သောကြောင့် အိန္ဒိယအစိုးရသည် နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူစာချုပ်၊ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU)၊ စိတ်ကိုပြောင်းလဲစေသော ပစ္စည်းများနှင့် ၎င်း ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့ သည် ဟု ဖြေကြားလွှာတွင် ဖော်ပြထားသည်။

မဏိပူရတွင် မူးယစ်ဆေးဝါး အကြီးစား ရောင်းဝယ်ဖောက်ကားမှုအား သတိပြုမိခြင်း ရှိ၊ မရှိ ကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) မှ ပြည်ထဲ‌ရေး ဝန်ကြီး အား Rashtriya Janata Dal (RJD) ပါတီ အကြီးအကဲ ဂျရန့် ချောင်ဟေး က မေးမြန်းခဲ့ပြီး အဆိုပါ ကိစ္စရပ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ယင်းအတွက် ပြည်ထဲရေးဝန်ကြီးဌာန (MHA) ၏ လမ်းညွှန်ချက်များအရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို NCB သည် အပြည်ပြည်ဆိုင်ရာနယ်စပ်နှင့် မဏိပူရပြည်နယ် ကုန်းတွင်းပိုင်းတို့တွင် မော်တော်ယာဉ် စစ်ဆေးရေး ပုံရိပ်ဖမ်းစက်များ တပ်ဆင်ရန် နေရာ ၂ ခုကို စီစဉ်ထားကြောင်း နစ်ရန်နာဒ် ရိုင်း က စာဖြင့် ရှင်းလင်း ခဲ့သည်။

နိုင်ငံတကာတွင် သက်ရောက်မှုရှိသော မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် NCB၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) တို့အကြား ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲနှင့် ကွင်းဆင်းအရာရှိများ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများနှင့် အကြမ်းဖက်လုပ်ငန်းများအကြား ဆက်စပ်မှုကို အမှုတွဲများအဖြစ် စစ်ဆေးနေကြောင်း ရိုင်း က ပြောကြားသည်။

မဏိပူရတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို ကိုင်တွယ် ဖြေရှင်းရန် အိန္ဒိယအစိုးရသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ဗဟိုနှင့် ပြည်နယ် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုများ ရှိစေရန် ၂၀၁၆ ခုနှစ်တွင် မူယစ်ဆေးဝါး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စင်တာ NCORD ယန္တရားကို အစပြု  ခြင်း အဆင့်ကို လုပ်ဆောင်ခဲ့သည်။ 

NCORD ယန္တရားကို ပိုမိုထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီး မှ အဖွဲ့ဝင်အသစ်များ ထပ်တိုးခြင်းဖြင့် ပိုမိုအားကောင်းလာကြောင်း ၎င်းက ပြန်လည်ဖြေကြားသည်။

တရားမဝင် အင်တာနက် ဆက်သွယ်မှု Darknet တွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သံသယဖြစ်ဖွယ် အရောင်းအဝယ်များ  နှင့် ခရစ်ပ်တို ငွေကြေး (Crypto Currency) လွှဲပြောင်းခြင်းများကို အထူး အဖွဲ့မှ စောင့်ကြည့်နေကြောင်း ရိုင်း က ပြောကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required