မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းအစိုးရအနေဖြင့် လေးနှစ်သက်တမ်းအတွင်း နိုင်ငံတော်လုပ်ငန်းစဉ်သစ်တရပ်အဖြစ် အထူးသဖြင့် မက်သာဖက်တမင်း အပါအဝင် မူးယစ်ဆေးဝါးများကို နှိမ်နင်းတိုက်ဖျက်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ကတိပြုပြောဆိုသည်။

ထို့ပြင် ပထမဆုံးနှစ်အတွင်း မူးယစ်ဆေးဝါးများကို အစွမ်းကုန် ထိန်းချုပ်မည့် ရေတိုရည်မှန်းချက်တရပ်ကိုလည်း ချမှတ်လုပ်ဆောင်မည် ဖြစ်သလို မူးယစ်ဆေးဝါး နှိမ်နင်းရေး ကြိုးပမ်းမှုတွင် ပြည်သူများ ပူးပေါင်းပါဝင်ရန် ထိုင်းအစိုးရက တိုက်တွန်းခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးခြင်းမှ စပြီး မူးယစ်ဆေးစွဲခြင်းနှင့် ငွေကြေးခဝါချမှုအထိ တရားမဝင် မူးယစ်ဆေးဝါး ပြဿနာ စက်ဝိုင်းကို ချိုးဖျက်သွားလိုကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက စက်တင်ဘာ ၁၇ ရက်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အစိုးရကော်မတီတရပ်၏ အစည်းအဝေးတွင် ပြောသည်။

ထို ကော်မတီတွင် ထိုင်းဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ အကြီးအကဲနှင့် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲတို့လည်း ပါဝင်သည်။

“မူးယစ်ဆေးဝါး ပြဿနာကို ကိုင်တွယ်ဖို့ လိုအပ်တာက လုပ်ငန်းစဉ်က အဓိကနေရာမှာ ရှိတယ်ဆိုတာကို ညွန့်ပေါင်းပါတီ ၁၁ ခု ရော၊ အတိုက်အခံတွေထဲက အခြားပါတီတွေအကြားမှာရော အများသဘောဆန္ဒတခု ရထားပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

လက်ရှိ ဦးစားပေးကိစ္စက မူးယစ်ဆေးဝါး ကုန်ကူးမှုအပေါ် တားဆီးနှိမ်နင်းရေး ဖြစ်ပြီး ယင်းက လူအစုအဖွဲ့များထံ မူးယစ်ဆေးဝါးများ ရောက်ရှိမသွားစေရေး တားဆီးရာတွင် အရေးပါသည့် လုပ်ဆောင်ချက်အဖြစ် ရှုမြင်နိုင်သည်။

PM declares new fight on drugs

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly