စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေ ဘာတွေကြုံနေရလဲ (ရုပ်သံ)

By မဇ္ဈိမ 
20 July 2023
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေ ဘာတွေကြုံနေရလဲ (ရုပ်သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်နေကြသူတွေ စားဝတ်နေရေးနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောင်မှု ပညာသင်ကြားခွင့်ရရှိရေးတို့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အကူအညီတွေ အမြန်ဆုံးလိုအပ်နေပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတဲ့အတွက် စစ်ရှောင်နေကြသူတွေထပ်တိုးလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်းနီးပါးရှိလာနေပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးရုံး (UNOCHA) ကလည်း ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း ။ ။ လွှမ်းမိုး
ရုပ်သံတည်းဖြတ်။      ။ ဂျူချန်း
စာတည်း ။ ။ Alden၊ ဖူးသိမ်ကျ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required