ဝန်ကြီးချုပ်ရာထူး မဲခွဲရွေးချယ်မည့် ထိုင်းပါလီမန်အစည်းအဝေး စတင်ဖွင့်လှစ်

ဝန်ကြီးချုပ်ရာထူး မဲခွဲရွေးချယ်မည့် ထိုင်းပါလီမန်အစည်းအဝေး စတင်ဖွင့်လှစ်
Photo-EPA

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မည့် အလွန်အရေးပါလှသော မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်သွားရန် ရှိနေသည့် ပါလီမန်လွှတ်တော်အစည်းအဝေးကို ယနေ့ ဇူလိုင် ၁၃ ရက်တွင် စတင်ဖွင့်လှစ်သည်။

“ဝန်ကြီးချုပ်သစ်ရွေးဖို့ ကိုယ်စားလှယ်လောင်းတွေအတွက် မဲခွဲဆုံးဖြတ်မယ့် အစည်အဝေး အစီအစဉ်ကို ဆောင်ရွက်ဖို့ လွှတ်တော်အစည်းအဝေးကို မိမိ စတင်ပါမယ်” ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ် မူဟာမက်ဒ် နိုရ် မာသာက ပြောသည်။

လွှတ်တော်အစည်းအဝေးဖွင့်လှစ်စဉ် ၎င်းသည် အောက်လွှတ်တော် အမတ် ၅၀၀ နှင့် အထက်လွှတ်တော်အမတ် ၂၅၀ ဦးတို့ကို ကြိုဆိုခဲ့သည်။

ဝန်ကြီးချုပ်ရာထူးအတွက် အရေးကြီးသော လွှတ်တော် မဲခွဲဆုံးဖြတ်မှုမတိုင်မီ နာရီများအလိုတွင် မိမိအနေဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် တစ်ပြေးနေသူ ဖိထာ လင်ဂျရွန်ရတ်က ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

“ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့ ကျွန်တော့်ကို ပေးခဲ့တဲ့ ထောက်ခံမှုတွေအတွက် ကျွန်တော့်ဘက်က အစွမ်းကုန် ဆောင်ရွက်သွားပါမယ်” ဟု ဖိထာက ပါလီမန်တွင် သတင်းထောက်များကို ပြောသည်။

ဤ မတိုင်မီ တစ်ရက်က ၎င်းအပေါ် စွပ်စွဲတိုင်တန်းချက်တစ်ရပ်ကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ခံခဲ့ပြီးနောက် ၎င်းအနေဖြင့် ပါလီမန်အမတ်တစ်ဦးအဖြစ်မှ ဆိုင်းငံ့ခံရမည့်အရေး ခြိမ်းခြောက်ခံထားရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly