အရှေ့တီမောသမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အား ဖိတ်ကြားမှုကိုကန့်ကွက်ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးမှ သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ဖိတ်ကြားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ကန့်ကွက်သတိထောက်လွှာပေးအပ်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
NUG အား တီမောလက်စ်တေအစိုးရမှဖိတ်ကြားခဲ့မှုမှာ အကြမ်းဖက်လုပ်ရပ်များကို အားပေးအားမြှောက် ပြုလုပ်ရာ ရောက်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇူလိုင် ၁ ရက်နေ့က တီမောလက်စ်တေနိုင်ငံ၌ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ (၉)ကြိမ်မြောက်အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့်အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားသို့ NUG ၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့တက် ရောက်ခဲ့သည်။
ယင်း အခမ်းအနားသို့ စစ်ကောင်စီကို အရှေ့တီမောအစိုးရက ဖိတ်ကြားခြင်း မပြုခဲ့ပေ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”