လက်နက်ကိုင်ပဋိပက္ခကြောင့် ၂နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးခဲ့မှု စံချိန်တင်မြင့်တက်လာ

လက်နက်ကိုင်ပဋိပက္ခကြောင့် ၂နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးခဲ့မှု စံချိန်တင်မြင့်တက်လာ

လက်နက်ကိုင်ပဋိပက္ခကြောင့် ယခုနှစ် ၅ လအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ကာ ဒီပမာဏမှာ ယခင်နှစ်တစ်နှစ်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက် စုစုပေါင်းရဲ့  ၆၀ ရာခိုင်နှုန်းနီးပါးရှိ ကာ စံချိန်တင်မြင့်တက်လာနေတယ်လို့ ISP Myanmar ရဲ့  ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးခဲ့ရသူ အရပ်သားပြည်သူ အရေအတွက်မှာ ၂ နှစ်ကျော်ကာလအတွင်း လူ ၂၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်ငါး လအတွင်းမှာပင် အရပ်သား ၇၀၀ ကျော်သေဆုံးခဲ့ရတာကြောင့် စံချိန်တင်မြင့်တက်ခဲ့ ခြင်းဖြစ်တယ်လို့ ISP Myanmar က ဖော်ပြထားပါတယ်။

ယခုနှစ် ၅ လအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၇၄၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး  ၂ နှစ်ကျော်ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် အရပ်သားသေဆုံးမှုအရေအတွက် ၈၆၀၀ ကျော်အထိရှိခဲ့တယ်လို့ ISP Myanmar ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly