ကရင်နီဒေသအတွင်းတိုက်ပွဲများကြောင့် ဒုက္ခသည် သုံးထောင်ကျော် ထိုင်းနယ်စပ်ဖြတ်ကျော်

ကရင်နီဒေသအတွင်းတိုက်ပွဲများကြောင့် ဒုက္ခသည် သုံးထောင်ကျော် ထိုင်းနယ်စပ်ဖြတ်ကျော်

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ ကို ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသခံ ၃ထောင်ကျော်ဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်း ကရင်နီပြည်နယ်၊ မဲ့စက်မြို့အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး မယ်ဟောင်ဆောင် ပြည်နယ်အတွင်းက ယာယီစစ်ဘေးရှောင်စခန်းကို ဇွန်လ ၁၄ရက်နေ့ကလာရောက် ခိုလှုံနေကြပါတယ်။ 

မယ်စဲ့မြို့နယ်အတွင်းရှိ နယ်စပ်စခန်းတွေ နဲ့ မယ်စဲ့မြို့မရဲစခန်းတို့ကို ဇွန်လ ၁၃ ရက် အစောပိုင်းက ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly