ဒေသခံလူထု၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ပျူစောထီးများကို ဗုံးသီးချ သတိပေး

By ပါခွီး (မဇ္စျိမ)
11 June 2023
ဒေသခံလူထု၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ပျူစောထီးများကို ဗုံးသီးချ သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဒေသခံများ၏ လယ်ယာမြေများတွင် ဝင်ရောက်လုပ်ကိုင် နေသည့်ပျူစောထီးတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့်ဗုံးချသတိပေးခဲ့ကြောင်း ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်း စု(DLC)က ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ်၊ တောပု(ပျူစောထီး)ကျေးရွာနှင့် ထိစပ်နေသောကျေးရွာများမှ လယ်ယာမြေပိုင်ဆိုင်ကြသူ များမှာ အသက်အန္တရာယ် ထိခိုက်မည်ကိုကြောက်လန့်သဖြင့် လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိသည်ကို အခွင့်ကောင်းယူ၍ အဆိုပါလယ်ယာမြေများကိုလုပ်ကိုင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“သူတို့က ရွာအနားရှိတဲ့ လယ်မြေတွေကို ဝင်လုပ်ကိုင်နေတာ၊ စခ(စစ်ကောင်စီတပ်သား)တွေနဲ့ ပေါင်းပြီး လုယက်နေတာတွေကြောင့် သတိပေးဗုံးချခဲ့တာပါ” ဟု DLC တပ်ဖွဲ့မှတာဝန်ရှိသူတဦးက ပြောသည်။

ကာကွယ်ရေးတပ်ပေါင်းစုသည် တောင်သူလုပ်ငန်းခွင်ဝင်နေသည့် ပျူစောထီးများကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုသတိပေးချက်ကို မလိုက်နာဘဲ ဒေသခံများ၏ လယ်ယာမြေများတွင် လုပ်ကိုင်ခြင်းနှင့် ခိုးဆိုးလုနှိုက် ခြင်းများကျူးလွန်ပါက သက်ညှာခြင်းရှိမည်မဟုတ်ဘဲ ပြတ်သားစွာဖြင့် ပြည်သူ့ကိုယ်စား ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တောပုကျေးရွာမှပျူစောထီးအဖွဲ့ဝင်များသည် ၎င်းတို့နှင့်ထိစပ်သည့်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး စစ်ကြောင်းထိုးသည့်အချိန်တိုင်းတွင် ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းနှင့် ရိက္ခာများကို လိုက်လံသယ် ယူလေ့ရှိကြောင်း သိရသည်။

အဆိုပါရွာနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ကြာပိုင်ကျေးရွာသို့ ဝင်ရောက်စဉ်တွင် တောပုရွာမှ ပျူစောထီး များသည် ကလေးကစားစရာများ၊ စက်ဘီးများမှအစ ဆန်၊ ဆီ၊ ဆားနှင့် အခြားလိုအပ်သော ပစ္စည်းများကို လာရောက်ယူဆောင်ခဲ့ကြောင်း သိရသည်။ 

ယခု သတိပေးဗုံးချခဲ့သည့် ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု(DLC)သည် စစ်ကောင်စီတပ်အား တော် လှန်တိုက်ခိုက်နေသည့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) (DGF Lower Chindwin) ၊ ဗန္ဓုလနှင့် အဖွဲ့သားများ ၊ မြို့ပြမုဆိုး(Urban Hunter Force )၊ နေမင်းတမန် (Sun King Envoy)၊ Monywa Brave Heart ၊ The Ants Local Defence Force နှင့် ဂဠုန်ရာဇာ Revolution Foece တို့ ပူး ပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

စာတည်း။   ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly