နံနက်ခင်းဈေးတွင် စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္စျိမ)
04 June 2023
နံနက်ခင်းဈေးတွင် စစ်အာဏာရှင်ဆန့်ကျင်ခဲ့သည့် ကျေးရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများပါဝင်သော ကျေးရွာ ပေါင်းစုံသပိတ်စစ်ကြောင်းသည် နံနက်ခင်းဈေးတခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဈေး ဝယ်ပြည်သူများနှင့်အတူ ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဆန္ဒပြပွဲ ရက်ပေါင်း ၈၀၈ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့် ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ မိုခါမုန် တိုင်းကြောင့် ရေဘေးသင့်ခဲ့ကြသော ယင်းမာပင်မြို့နယ်အတွင်းမှ ကျေးရွာလေးရွာမှ အိမ်ထောင်စု ၄၀၀ ခန့်မှကို အခြေခံစားသောက်ကုန်အချို့ ဝေမျှခဲ့ကြောင်းလည်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly