ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရေဘေးသင့်ကျေးရွာများ အကူအညီလိုအပ်နေ

By  KMN (မဇ္ဈိမ)
28 May 2023
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ရေဘေးသင့်ကျေးရွာများ အကူအညီလိုအပ်နေ

မိုခါဆိုင်ကလုန်းမုန်တိုင်းဖြတ်သန်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက် ပြီး ရေဘေးသင့်ခဲ့သည့် စစ်ကိုင်တိုင်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း မှ ကျေးရွာများအတွက် အကူအညီလိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ တောင်ယမားချောင်းဘေးမှ ကျေးရွာ ၁၂ ရွာ၊ မြောက်ယမားချောင်းဘေးမှ ကျေးရွာသုံးရွာ၊ စုစုပေါင်း ကျေး ရွာ ၁၅ ရွာခန့် ရေဘေးကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

“ပုသိမ်၊ မုံရွာလမ်းဘေးဝဲယာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရပါတယ်။ လက်ရှိအခြေနေကတော့ ရေဘေးသင့်ပြည်သူတွေ အိမ်ပြန်ဝင်ဖို့အခြေနေပေးပေမယ့် စစ်ကောင်စီတပ်အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်" ဟု ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့တာဝန်ရှိသူက ဆိုသည်။

လတ်တလောတွင် ရေးဘေးသင့် စစ်ဘေးရှောင်များအား အလှူရှင်များအကူအညီဖြင့် ပရဟိတအဖွဲ့များ က ထမင်းဟင်းချက်ပြုတ်ကျွေးမွေးနေကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်အရှေ့ဘက်ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်းမှ ကျေးရွာများမှာ တရုတ် ကုမ္မဏီများဖြစ်ကြသည့် ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများအတွက် အကာကွယ်ပေးရန် လာရောက်သည့် စစ်ကောင်စီစစ်ကြောင်းများကြောင့် တလလျှင် သုံးကြိမ်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

ရေဘေးသင့်ကျေးရွာများအတွက် “ပြည်သူမှပြည်သူ ရေဘေးကူ” အစီအစဉ်ကို ပြုလုပ်နေပြီး ဇွန်လ ၁၀ ရက်နေ့အထိ ပြည်သူမှပြည်သူသို့၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ စသည့် လူမူကွန်ရက်စာမျက်နှာများမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းအဖွဲ့အစည်များမှ ထုတ် ပြန်ထားသည်။

ဓာတ်ပုံ -  ပြည်သူမှ ပြည်သူသို့/FB (ပုံဟောင်း) 

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly