ရေစကြို MBT PDF စခန်းသိမ်းခံရပြီး ကျပ်သိန်း ၁၀၀ ကျော် လက်နက်ပစ္စည်းတွေပါသွား(ရုပ်သံ) 

By KMN မဇ္ဈိမ
22 March 2023
ရေစကြို MBT PDF စခန်းသိမ်းခံရပြီး ကျပ်သိန်း ၁၀၀ ကျော် လက်နက်ပစ္စည်းတွေပါသွား(ရုပ်သံ) 

မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းမှာ အခြေပြုလှုပ်ရှားနေတဲ့  Myingyan Black Tiger(MBT) ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ရေစကြို စခန်းအမှတ် (၂) ကို မတ်လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး  ကျပ်သိန်းတစ်ရာကျော်တန်ဖိုးရှိတဲ့ လက်နက်ပစ္စည်းတွေပါသွားတယ်လို့ အဖွဲ့တာဝန်ခံက မဇ္ဈိမ ကိုပြောပါတယ်။ 

မတ်လ ၂၁ ရက်နေ့ ၊MBT ရေစကြို စခန်းအမှတ် (၂)စီးနင်းခံရမှုမှာ ရဲဘော်တွေလွတ်မြောက်ခဲ့ပေမယ့် တိုက်ပွဲမှာအသုံးပြုတဲ့ လက်လုပ်ပခုံးထမ်းလောင်ချာ နှစ်လက် ၊ လက်လုပ် (RPG)တစ်လက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ သူကဆိုပါတယ်။ 

MBT ပြည်သူ့ကာကွယ်ရေးတပ်စခန်းဌာနချုပ်ရှိရာ ရေလယ်ကျွန်းမှာ တပ်မ (၉၉) စစ်ကောင်စီတပ်နဲ့ မတ်လ ၁၈ နေ့ ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ်ကိုစွန့်ခွာခဲ့ရတယ်လို့လည်းMBT ကထုတ်ပြန်ထားပါတယ်။ 

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly