ယင်းမာပင်မြို့နယ်မှ မီးရှို့ခံရသောအိမ်ထောင်စုအချို့ကို စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 March 2023
ယင်းမာပင်မြို့နယ်မှ မီးရှို့ခံရသောအိမ်ထောင်စုအချို့ကို စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံခဲ့ရသော ကျေးရွာနှစ်ရွာမှ အိမ်ထောင်စု ၁၅၃ စုအား စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ ကြောင်း သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ LIGHTS OF THE FUTURE-Group (အနာဂါတ် အလင်းတန်းများအဖွဲ့)၏ ကူညီမှုဖြင့် ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းကာ (၈)ကြိမ်မြောက်အဖြစ် သွားရောက် လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

မီးဘေးသင့် အိမ်ထောင်စု ၁၅၃ စုအား မီးဖိုချောင်သုံးပစ္စည်းများအပြင် ဆန်၊ ဆီနှင့် ငါးသေတ္တာဘူးများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဆိုသည်။

မီးရှို့ဖျက်ဆီးခံထားရသည့်နေအိမ်များတွင် အဓိကအားဖြင့် ရေနှင့် ယာယီတဲများ လိုအပ်နေပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့အနေဖြင့် အခြေခံလိုအပ်ချက်အနည်းငယ်ကိုသာ ဖြည့်ဆည်းပေး နိုင်ခဲ့ခြင်းဟု ဆိုသည်။

ထို့ကြောင့် အခြားအဖွဲ့အစည်းများမှလည်း တတ်နိုင်သည့်နေရာမှ ပါဝင်ကူညီပေးစေလိုကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူက မေတ္တာရပ်ခံခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly