အာဆီယံသည် ပင်လယ်ရေကြောင်း အသိုက်အဝန်းတစ်ခု ဖြစ်ပြီး အိန္ဒိယက ရေကြောင်းပိုင်နက် နိုင်ငံဖြစ်ကြောင်း အထွေထွေအတွင်းရေးမှုးချုပ်ပြော

အာဆီယံသည် ပင်လယ်ရေကြောင်း အသိုက်အဝန်းတစ်ခု ဖြစ်ပြီး အိန္ဒိယက ရေကြောင်းပိုင်နက် နိုင်ငံဖြစ်ကြောင်း အထွေထွေအတွင်းရေးမှုးချုပ်ပြော

အာဆီယံသည် ပင်လယ်ရေကြောင်း အသိုက်အဝန်းတစ်ခု ဖြစ်ပြီး အိန္ဒိယသည် ရေကြောင်းပိုင်နက် နိုင်ငံဖြစ်ကြောင်းနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ကာကွယ်ရေးနှင့် အကြမ်းဖက်မှု တန်ပြန်ရေးစသည့် ကဏ္ဍများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကောက်ကင်‌‌‌ဟောင်း က ပြောကြားသည်။

 “ခရီးသွားလုပ်ငန်း၊ ကာကွယ်ရေးကဏ္ဍနဲ့ အကြမ်းဖက်မှု တန်ပြန်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ ကုန်သွယ်မှု ကနေ ရင်းနှီးမြှုပ်နှံမှု အထိ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်” ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားသည်။ “အာဆီယံ က ပင်လယ်ရေကြောင်း အသိုက်အဝန်း တစ်ခု ဖြစ်ပြီး အိန္ဒိယ က ရေကြောင်းပိုင်နက် နိုင်ငံဖြစ်တယ်” ဟု ၎င်းက ပြောသည်။
 
“အာဆီယံသည် အိန္ဒိယ-ပစိဖိတ်ဒေသဆိုင်ရာ ဦးစားပေးကဏ္ဍ ၄ ခုအနက်မှ ၁ ခု ဖြစ်သည့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်တယ်” ဟု ‌ဟောင် က ဆက်ပြောသည်။ လက်ရှိ အခြေအနေတွင် ရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့ရန်လည်း ၎င်းက မျှော်လင့်သည်။

“ရှေ့ကို လှမ်းမျှော်ကြည့်လိုက်ပါ၊  လက်ရှိပူးပေါင်းဆောင်ရွက်မှုခေတ်ကို ဆက်လက်ချဲ့ထွင်သွားဖို့ နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမယ် လို့ မျှော်လင့်ပါတယ် ” ဟု ဟောင် က အလေးပေးပြောကြားသည်။

“ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်သို့ တိုးချဲ့ခြင်းဖြင့် ကဏ္ဍသစ်များကိုလည်း မျှော်လင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
 
အာဆီယံနှင့် အိန္ဒိယတို့သည် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး နယ်ပယ်များတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်သည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် လူအချင်းချင်း ဖလှယ်ချိတ်ဆက်မှု ကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။

"အာဆီယံနဲ့ အိန္ဒိယတို့ကြား တိုးပွားလာတဲ့ မိတ်ဖက်ဆက်ဆံရေးကနေ အကျိုးအမြတ်ရခဲ့တာတော့ သေချာတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွေ အများကြီးရှိပါတယ်" ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

 “ဒီနှစ်စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ၀န်ကြီးချုပ်မိုဒီကို ဂျကာတာ ကနေ  ကြိုဆိုခွင့်ရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကျွန်တော် တို့အနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားပါတယ်” ဟု အာဆီယံ - အိန္ဒိယ ထိပ်သီး အစည်း အဝေးနှင့် ပတ်သက်၍လည်း ဟောင် က ပြောသည်။

ထို့ပြင် ဆက်လက် ဖြစ်ပွားနေသော အစ္စရေး-ဟားမတ်စ် စစ်ပွဲနှင့် ပတ်သက်၍လည်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ယခုကဲ့သို့ ပြောကြားသည်။

"အာဆီယံ က ငြိမ်းချမ်းရေး၊ ဆွေးနွေးမှုနှင့် သံတမန်ရေးတို့ကို ခိုင်မာစွာ ထောက်ခံအားပေးတဲ့ နိုင်ငံဖြစ်တယ်။ ယဉ်ကျေးမှုဆိုင်ရာ ဆွေးနွေးပွဲတွေ တိုင်ပင်ဆွေးနွေးမှု အလေ့အထ နဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို အမြဲမြှင့်တင်နေပါတယ်" ဟု ၎င်း ကဆိုသည်။

အာဆီယံသည် နိုင်ငံစုံဝါဒကို အခိုင်အမာ ထောက်ခံသည်။ “ပဋိပက္ခအားလုံးတွင် သံခင်းတမန်ခင်း အားဖြင့် ဆောင်ရွက်သင့်သည်များကို အသုံးပြုသင့်ကြောင်း၊ အထူးသဖြင့် အငြင်းပွားမှုများတွင် အင်အားကို အသုံးမပြုဘဲ  ငြိမ်းချမ်းစွာ ဖြေရှင်းသင့် တယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းမှာ အာဆီယံ၏ နိယာမဖြစ်ကြောင်းလည်း အလေးပေးပြောကြားသည်။

ကုလသမဂ္ဂသည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်လုပ်ဆောင်ရန် နည်းလမ်းများရှိသည်ကို သတိပြုမိကြောင်း နှင့် "ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် ကုလသမဂ္ဂအနေနဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲစရာဖြစ်ရပ်တစ်ခု ကျွန်တော်တို့ ရှေ့မှောက်မှာ ပေါ်ပေါက်မယ်ဆိုရင် ကုလသမဂ္ဂ အနေနဲ့ အဲ့ဒီ ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ကတိကဝတ်ပြုထားတယ် လို့ ကျွန်တော် တို့ ယုံကြည်ပါတယ်" ဟု ၎င်း ကပြောသည်။

ဒါဟာ အာဆီယံအသိုက်အဝန်းအတွက် အလွန်အရေးကြီးပြီး ငြိမ်းချမ်းရေးနဲ့ သံတမန် ဆက်ဆံရေးကို  အခွင့်အလမ်းပေးသင့် ကြောင်း လည်း ထပ်လောင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly