ဟားမတ်စ်၏ ဓားစာခံ ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနိုင်ငံသားတချို့ ပြန်လွတ်လာ

ဟားမတ်စ်၏ ဓားစာခံ ဖမ်းဆီးခံခဲ့ရသည့် ထိုင်းနိုင်ငံသားတချို့ ပြန်လွတ်လာ

ဟားမတ်စ်အဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် ဂါဇာမှ ယခုနောက်ထပ် ပြန်လွတ်လာသည့် ထိုင်းနိုင်ငံသားသုံးဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက နိုဝင်ဘာ ၂၇ ရက် ဆိုရှယ်မီဒီယာပလက်ဖောင်း အိတ်စ်မှတဆင့် ပြောဆိုသည်။

“ကျွန်တော် တကယ်ပဲ ဝမ်းသာရပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားပြီး ထိုင်းနိုင်ငံသား သုံးဦးသည် ကျန်းမာရေးကောင်းမွန်ကာ အရေးပေါ် ဆေးကုသစောင့်ရှောက်မှု ခံယူစရာ မလိုဟု ပြောသည်။
အောက်တိုဘာလအစောပိုင်းက ဟားမတ်စ်တို့ အစ္စရေးကို ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း အဓမ္မခေါ်ဆောင်ခြင်း ခံရပြီးနောက် လက်ရှိအချိန်အထိ ထိုင်းဓားစာခံ ၁၇ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ထိုင်းနိုင်ငံသို့ ပြန်ခေါ်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“ကျန်ရှိနေသည့် ထိုင်းဓားစာခံ ၁၅ ဦးအတွက်လည်း တတ်နိုင်သမျှ အမြန်ဆုံး ၎င်းတို့ ဘေးကင်းစွာ ပြန်လွတ်လာစေရေးအတွက် တော်ဝင်ထိုင်းအစိုးရက ဆက်လက်ကြိုးပမ်းလုပ်ဆောင်နေသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required