ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)မှ လက်ဖြတ်လိုက်ရသည့် ရဲဘော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

By KMN (မဇ္ဈိမ)
09 March 2023
ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)မှ လက်ဖြတ်လိုက်ရသည့် ရဲဘော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)မှ အသက်(၁၉)နှစ်အရွယ်ရဲဘော်တစ်ဦး မိုင်းခွဲ တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် မတော်တဆမှုကြောင့် လက်တစ်ဖက်ဖြတ်လိုက်ရပြီး ဆေးဝါးကုသရန် အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) က သတင်းထုတ်ပြန် သည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် စခန်း အတွင်းပေါက်ကွဲခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ရဲဘော်တစ်ဦး ထိခိုက်ခဲ့ခြင်းဖြစ်သည်။

ထိခိုက်မှုကြောင့် ဘက်ဖက်လက်ဖြတ်လိုက်ရပြီး မျက်နှာနှင့် ခြေထောက်နှစ်ဖက်၌ ပြင်းထန်သည့်ဒဏ်ရာ များရခဲ့ကြောင်း သိရသည်။

“လက်ရှိတော့ ဆေးကုသမှုခံယူနေတုန်းပါ။ ကုသဖို့ ငွေကြေးလိုအပ်ပါတယ်။ အခက်အခဲရှိနေတာပေါ့၊ ခြေထောက်တွေတော့ ခွဲစိတ်ထားပါတယ်။ ငွေကြေးမလုံလောက်တော့ ရှာတုန်းပါ။ ဆက်လက် ကုသမှု လုပ်နေရပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) မှ တပ်ရင်းမှူးဗိုလ်အောက်ဆွဲက မဇ္ဈိမကိုပြောကြား သည်။

အသက်(၁) နှစ်အရွယ် ရဲဘော်၏ ဖြတ်တောက်လိုက်ရသည့် လက်တစ်ဖက်အတွက် လက်တုတပ်ဆင်ရန် ငွေလိုအပ်နေပြီး ကျပ်သိန်း ၂၀ ဝန်းကျင် ကုန်ကျနိုင်သည်ဟု သိရသည်။

ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၁) Brother Defense Force နှင့်စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လ ၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာတွင် အရာရှိတစ်ဦးကျဆုံးနိုင်ချေရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)က မဇ္ဈိမကိုပြော ကြားသည်။

Photo - ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required