ကယား(ကရင်နီ) စစ်ရှောင်တွေအတွက် ၁ ရက် ရေဂါလံ ၆,၀၀၀ ကျော် အရေးပေါ်လိုအပ်နေ (ရုပ်/သံ) 

By KMN မဇ္ဈိမ
04 March 2023
ကယား(ကရင်နီ) စစ်ရှောင်တွေအတွက် ၁ ရက် ရေဂါလံ ၆,၀၀၀ ကျော် အရေးပေါ်လိုအပ်နေ (ရုပ်/သံ) 

ကယားပြည်နယ်(ကရင်နီ) ကို ဒီရက်ပိုင်းမှာ စစ်ကောင်စီက ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရှောင်တွေတိုးလာကာ သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်လို့ ဒီမော့ဆို CDM မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ 

ဒီမော့ဆို CDM မီးသတ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ တစ်နှစ်ထဲက စစ်ဘေးရှောင် နှစ်သောင်း ကျော်ကို နေ့စဉ်ရေလှူဒါန်းခဲ့ပြီး တစ်ရက် ရေဂါလံ ၆,၀၀၀ ကျော် အရေးပေါ်လိုအပ်နေတယ်လို့ အဖွဲ့ဒုတာဝန်ခံက ပြောပါတယ်။
ဒီမော့ဆို မြို့နယ်ထဲမှာ စစ်ဘေးရှောင်အများဆုံးရှိနေပြီး စစ်ရှောင်စခန်း ၂၄ ခုက အိမ်ထောင်စု ၁,၇၀၀ နီးပါးကို နေ့စဉ်ရေလှူဒါန်းနေရတာကြောင့် လောင်စာဆီအခက်အခဲ မော်တော်ယာဉ်အခက်အခဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။ 

ကယားပြည်နယ်မှာ မိုးကုန်လာတာနဲ့ သောက်သုံးရေရှားပါးလာပြီး
လက်ရှိကာလမှာ ရေလိုအပ်ချက် စတင်ဖြစ်ပွားနေပါတယ်။ လာမယ့်နွေရာသီအတွက် ဝေးလံတဲ့နေရာတွေမှာ ရေသယ်ယူဖို့ ဒီဇယ်၊ ဓာတ်ဆီလိုအပ်နေပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းတောင်ပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီထိုးစစ်ဆင်မှုကြောင့် စစ်ရှောင်ေတွတိုးလာပြီး ကုန်းဈေးနှုန်းပါမြင့်တက်လာတယ်လို့ ဒီမော့ဆို CDM မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ 

ကယားပြည်နယ်မှာ ၂၀၂၁ မေလကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာ ၈၇ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူဦးရေ ၁၈၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN 
#Mizzima 
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly