လောင်းလုံးမြို့မှာ လူထုစည်းရုံးရေးနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ 

By ကိုရွှေမြိတ်
02 March 2023
လောင်းလုံးမြို့မှာ လူထုစည်းရုံးရေးနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျေးရွာ နှစ်ရွာရှိ စျေးနှင့် နေရာ အချို့တို့တွင် တော်လှန်ရေး အင်အားစု လူငယ်များက ဦးဆောင်ပြီး လူထု စည်းရုံးရေး အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ 

အဆိုပါ လှုပ်ရှားမှုတွင် စည်းရုံး‌ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအား ဆန့်ကျင်ကြရန်နှင့် လက်နက်မဲ့ လူထုတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် စည်းရုံးဟောပြောပြီး တော်လှန်ရေး ကြွေးကြော်သံများနှင့်  ကြွေးကြော်ခဲ့ကြောင်း သိရသည်။ 

ယင်း အဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီအနေဖြင့် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း ၁၆ ရွာ၌ လူထုစည်းရုံးရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly