လောင်းလုံးမြို့နယ်မှာ လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
08 October 2023
လောင်းလုံးမြို့နယ်မှာ လူထုသပိတ်လှုပ်ရှားမှုပြုလုပ်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြသည်ဟု သိရသည်။

DDMSC ၏အဖွဲ့ဝင်အင်အားစုတခုဖြစ်သည့် LGBT Community က ဦးဆောင်၍ လိင်တူချစ်သူများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများကို နည်းမျိုးမျိုးဖြင့် ခွဲခြားဆက်ဆံခံရမှုနှင့် အကြမ်းဖက်မှု‌များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့်ပြုလုပ်ကြခြင်းဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုကို လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ပြုလုပ်ကြခြင်းဖြစ်ပြီး ဒေသခံ အမျိုးသမီး‌များနှင့် လူငယ်အများအပြား၏ ပူးပေါင်းပါဝင်မှုနှင့်အတူ “မတူကွဲပြားမှုကို လက်ခံပြီး ခွန်အားအဖြစ်‌ ပေါင်းစည်းကြ”  စာသားပါဘန်နာကို ကိုင်ဆွဲ ချီတက်ကြကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly