မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်−မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁) ပြန်လည်ဖွင့်လှစ်

By ကိုရွှေမြိတ်(မဇ္ဈိမ)
20 February 2023
မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်−မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁) ပြန်လည်ဖွင့်လှစ်

ကိုဗစ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခု ဖြစ်သော တာချီလိတ်−မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တာချီလိတ်−မယ်ဆိုင်တံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ  မယ်ဆိုင်မြို့အကြား ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်အခြေစိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက “ဟုတ်ပါတယ်၊ ဂိတ်ကတော့ ဒီမနက်ကပဲ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။ အဝင်/ထွက်ကတော့ ဘာမှ မသိရသေးဘူး နှစ်ဖက် ဒေသအာဏာပိုင်တွေအလုပ်ရှုပ်နေကြလို့ ဒေသခံတွေအနေနဲ့ သွားသွားလာလာ မလုပ်သေးတာ ဖြစ်နေတယ်”ဟု ပြောသည်။

တာချီလိတ်−မယ်ဆိုင်တံတား ပြန်လည်ဖွင့်လှစ်ချိန်တွင် တံတားစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာသူ များကို  စစ်ကောင်စီဖက်က X−ray စက်သုံးပြီး စစ်ဆေးရန်စီစဉ်နေကြောင်း ဒေသခံ ခရီးသွားအေဂျင်စီ များထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly