ကိုဗစ်-၁၉ ပြဿနာ ဖြေရှင်းရာတွင် အကျပ်တည်းဆုံးနှင့်အခက်ခဲဆုံး အချိန်အခါကို တရုတ်အစိုးရ ရင်ဆိုင်နေရ

ကိုဗစ်-၁၉ ပြဿနာ ဖြေရှင်းရာတွင် အကျပ်တည်းဆုံးနှင့်အခက်ခဲဆုံး အချိန်အခါကို တရုတ်အစိုးရ ရင်ဆိုင်နေရ

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားချိန်မှစ၍ အရှုပ်ထွေးဆုံးနှင့် အပြင်းထန်ဆုံး ကပ်ရောဂါတိုက်ဖျက်ရေး အခြေအနေကို ရင်ဆိုင်နေရကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ပေကျင်းမြို့တော် စင်တာ (CDC) မှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာတွင် အကျပ်တည်းဆုံးနှင့် အပြင်းထန်ဆုံးအခိုက်အတန့်ကို ကြုံတွေ့နေရသည်ဟု ပေကျင်း CDC ၏ လက်ထောက်ညွှန်ကြားရေးမှူး လျူရှောင်ဖန်က နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပေကျင်းတွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်နေ့ ညနေ ၃ နာရီအထိ အတည်ပြုလူနာ ၂ ၄၀၀ ကျော်ရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ပေကျင်းမြို့အပြင်ဘက် ကုန်သွယ်ရေးမြို့မှ ကူးစက်ဝင်ရောက်လာသော Omicron BF.7 မျိုးကွဲသည် လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်မှု၏ အဓိကမျိုးကွဲဖြစ်ကြောင်း လျူရှောင်ဖန်းက ပြောသည်ဟု Global Times က ဖော်ပြသည်။

အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်မှုများသည် ချောင်ယန်း၊ ချန်ပင်း၊ ဟိုင်ဒီန်း၊ ဖန်းတိုင်နှင့် တောင်ကျိုးမြို့များတွင် တွေ့ရပြိး အဆိုပါမျိုးကွဲသည် ဘိုးဘွားရိပ်သာများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် စာသင်ကျောင်းများတွင် အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်စေခဲ့ကြောင်း ရှောင်ဖန်းက အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ ပေကျင်းသို့ ရောက်လာသူများအနေဖြင့် ရောဂါကင်းစင်ကြောင်း စမ်းသပ်မှုအဖြေမထွက်မချင်း အိမ်၌နေကြရန် အာဏာပိုင်များက ညွှန်ကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required