တရုတ်နိုင်ငံတွင်း အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်မှုကို တူရကီရှိ ဝီဂါနှင့် တာ့ခ်လူမျိုးများက  ဆန့်ကျင်ဆန္ဒပြ

တရုတ်နိုင်ငံတွင်း အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်မှုကို တူရကီရှိ ဝီဂါနှင့် တာ့ခ်လူမျိုးများက  ဆန့်ကျင်ဆန္ဒပြ

တရုတ်က ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်သည့်အကြောင်းပြချက်ဖြင့် အစာအငတ်ထား လူမျိုးတုံး သတ်ဖြတ်မှုနှင့် ရောဂါကူးစက်မှုမြင့်တက်လာခြင်းကို ကာကွယ်သည့်အနေဖြင့် အရှေ့တာကစ္စတန်တွင် အသွား အလာပိတ်ဆို့မှုပြုလုပ်နေခြင်းများအပေါ် ဆန့်ကျင်သည့်အနေဖြင့် တူရကီနိုင်ငံမှ ဝီဂါအင်န်ဂျီအို အဖွဲ့များ သည် ဆာရီယာခရိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအနီးတွင် စက်တင်ဘာ ၁၂ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် ဆန္ဒပြသူ ၃၀၀၀ မှ ၃၅၀၀ ခန့်သည် မိုးရွာနေသည့်ကြားမှ ဆာရီယာခရိုင်ရှိ တရုတ်ကောင်စစ်ဝန်ရုံး အပြင်ဘက်၌ နံနက် ၁၁ နာရီခန့်တွင် စုဝေးခဲ့ကြသည်။

ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ရန်ဟူသော အကြောင်းပြချက်ဖြင့် အရှေ့တာကစ္စတန်တွင် အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်သည့် တရုတ်မူဝါဒကို ဆန္ဒပြသူများက ရှုတ်ချခဲ့ကြသည်။ ဝီဂါအင်န်ဂျီအိုအဖွဲ့ ၆ ဖွဲ့ ၇ ဖွဲ့ခန့်သည် ၎င်းတို့၏ ညီနောင်များနှင့်တစ်သားတည်းရှိကြောင်းပြသရန် စုဝေးရောက်ရှိလာခဲ့ကြသည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြသည်။

ဝီဂါအင်န်ဂျီအိုအဖွဲ့များသည် အန်ကာရာမြို့ရှိ တရုတ်သံရုံးနှင့် ကုလသမဂ္ဂရုံးရှေ့တွင် စက်တင်ဘာ ၁၄ ရက်၌ ကြေညာချက်ထုတ်ပြန်ရန် စီစဉ်ထားသည်။ ယခင်က ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားမှ လူမျိုးတုံး သတ်ဖြတ်မှုအား ကြားဝင်စွက်ဖက်ခဲ့သည့် NATO အဖွဲ့ထံ စာတစ်စောင်ပေးပို့ရန်လည်း ရည်ရွယ်ထားသည်။

 ဝီဂါတက်ကြွလှုပ်ရှားသူများက လူမှုမီဒီယာပေါ်၌ မျှဝေထားသော ဗီဒီယိုနှင့်ဓာတ်ပုံများတွင် အတင်း အဓမ္မ အသွားအလာပိတ်ဆို့ခံထားရသော နေအိမ်များ၌ ဆာလောင်မှုနှင့်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးနေကြသော ဝီဂါများ၏ပုံများ ပါဝင်သည်။ ဆာလောင်မှုနှင့်နာကျင်မှုဒဏ်ကို ဆက်မခံနိုင်တော့သဖြင့် သေကြောင်းကြံစည် သွားကြသူများ၏ ဓာတ်ပုံများလည်းပါဝင်သည်။
 
၎င်းတို့အထဲတွင် ဆာလောင်နေသော သို့မဟုတ်  အစားအစာနှင့်ဆေးဝါးကို လက်လမ်းမမီသဖြင့် သေဆုံးသွားသော ကလေးငယ်များပင် ပါဝင်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါမျိုးနွယ်ကို သုတ်သင်ရန် အဆိုပါနည်းလမ်းသစ်ကို အသုံးပြုနေကြောင်း ဝီဂါတက်ကြွလှုပ်ရှားသူများက စွပ်စွဲပြောဆိုနေကြသော်လည်း ပြည်ပအစိုးရ သို့မဟုတ် မည်သည့်နိုင်ငံခြားအဖွဲ့အစည်းမှ အရေးတယူလုပ်ဆောင်ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required