ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာပြီး ၃ရက်မြောက်တွင် စက်သုံးဆီဈေး ပြန်လည်မြင့်တက်

ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာပြီး ၃ရက်မြောက်တွင် စက်သုံးဆီဈေး ပြန်လည်မြင့်တက်

September 3

မဇ္ဈိမ ။ ။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစျေးကွက်မှတစ်ဆင့် ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဩဂုတ်လ ၃၁ရက် ညနေပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ထုတ်ပြန်ပြီး သုံးရက်မြောက်နေ့ (ယနေ့ စက်တင်ဘာ ၃ရက်)တွင် စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်သွားကြောင်း သိရသည်။

ယနေ့စက်တင်ဘာ ၃ ရက်နေ့ တွင် ၉၂ တစ်လီတာလျှင် ၂,၃၉၅ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၄၉၅ ကျပ်၊ ဒီဇယ်ဆီနှင့် ပရီမီယံ တစ်လီတာလျှင် ၃,၁၂၅ ကျပ်စီ အထိ ဈေးအနည်းငယ်မြင့်တက်သွားကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂ရက်နေ့ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ကြည့်လျှင် ၉၂ နှင့် ၉၅ တစ်လီတာလျှင် ၁၀၀ ကျပ်ဝန်းကျင် နှင့် ဒီဇယ်ဆီနှင့် ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၅၀ ကျပ်ဝန်းကျင် မြင့်တက်သွားခြင်းဖြစ်သည်။

" စက်တင်ဘာ ၁ရက်နေ့ကတော့ ဆီဈေးတက်ပြီး ပြန်ကျတဲ့ရက်တွေမှာ ဒီနေ့စံချိန်တင်ကျတယ်လို့ပြောလို့ရတယ်၊ နောက်ရက်တွေမှာ အနည်းငယ်ထပ်ကျတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ အတက်ဘက်ကို ပြန်ပြီးရောက်လာတယ်၊ ရှေ့ နှစ်ရက်မှာ ကျရိပ်ပြပြီး ပြန်တက်လာတဲ့သဘောမျိုးဖြစ်နေတယ်" ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဟု ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#အမေရိကန်ဒေါ်လာ

#စက်သုံးဆီဈေး

#စစ်ကောင်စီ

#ဗဟိုဘဏ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required