နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြော

By မိုးသောက်(မဇ္ဈိမ)
27 August 2023
နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြော

စစ်ကောင်စီထုတ် နှစ်သောင်းတန်ငွေစက္ကူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက မသုံးစွဲဖို့တားမြစ်ကြောင်းထုတ်ပြန်လာပါတယ်။

ငွေကြေးကဏ္ဍမှာ အဓိကကျတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ လက်ဝယ်ထားရှိတာ အရောင်းအဝယ်ပြုလုပ်တာနဲ့ တနည်းနည်းနဲ့ လွှဲပြောင်းတာမျိုး ပြုလုပ်မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့အရေးယူသွားမယ်လို့ NUGရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က   ဩဂုတ်လ ၂၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

တရားမဝင်တဲ့ စစ်ကောင်စီက ငွေတွေထုတ်လာတာဖြစ်တဲ့အတွက် NUGအနေနဲ့ ယခုလိုထုတ်ပြန်တာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်/တည်းဖြတ်- မိုးသောက် 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required