ပြင်ပအဖွဲ့အစည်း လွှမ်းမိုးမှုများကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖီဖာ ဆိုင်းငံ့ထား

ပြင်ပအဖွဲ့အစည်း လွှမ်းမိုးမှုများကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖီဖာ ဆိုင်းငံ့ထား

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည်  အိန္ဒိယဘောလုံးအဖွဲ့ချုပ်အား “ပြင်ပအဖွဲ့အစည်းများ၏ လွှမ်းမိုးမှုမရှိစေဘဲ ချက်ချင်းအကျိုးသက်ရောက်မှု” ဖြင့် တနင်္လာနေ့တွင် ဆိုင်းငံ့ထားလိုက်ပြီး နိုင်ငံ၏ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် အရေး စိုးရိမ်စရာအခြေအနေဖြစ်စေခဲ့သည်။

အဆိုပါ ချိုးဖောက်မှုသည် "ဖီဖာစည်းမျဉ်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်"ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဆိုထားသည်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) သည် ၎င်း၏ ၈၅ နှစ်တာ သမိုင်းတစ်လျှောက် ဖီဖာမှ ပထမဆုံးအကြိမ် တားမြစ်ပိတ်ပင်ခံခဲ့ရသည်။

“AIFF အမှုဆောင်ကော်မတီရဲ့  အခွင့်အာဏာများတွေကို ရုပ်သိမ်းလိုက်ပြီး စီမံခန့်ခွဲရေးကာ်မတီတစ်ရပ်ဖွဲ့စည်းဖို့ အမိန့်ချပြီးတာနဲ့ ဆိုင်းငံ့တာကို ရုတ်သိမ်းသွားပြီး AIFF ရဲ့ နေ့စဉ်ရေးရာတွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်မှာပါ”ဟု FIFA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်အကြီးအကဲဟောင်း Praful Patel သည် ၎င်း၏ သက်တမ်းထက်ကျော်လွန်၍ ရာထူးဆက်လက်ထမ်းဆောင်ပြီးနောက် အိန္ဒိယတရားရုံးချုပ်က ၎င်းကို တရားမဝင်ကြောင်း စီရင်ချက်ဖြင့် AIFF သည် ပြဿနာတက်ခဲ့သည်။ အိန္ဒိယတရားရုံးချုပ်သည် AIFF ကို ၂၀၂၂ ခုနှစ် မေလတွင် ရွေးချယ်ခဲ့သော စီမံခန့်ခွဲရေး ကော်မတီ (CoA) ၏ ပံ့ပိုးမှုအောက်တွင် ထားရှိခဲ့သည်။

အိန္ဒိယနိုင်ငံသည် ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်မှ ၃၀ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အဆိုပါ ၂၀၂၀ ပြိုင်ပွဲကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖျက်သိမ်းပြီး ရွှေ့ဆိုင်းခဲ့သည်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly