ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း ရေမိုင်အတိုင်းရေလမ်းဖြတ်သန်းခကောက်ခံ

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း ရေမိုင်အတိုင်းရေလမ်းဖြတ်သန်းခကောက်ခံ

မန္တလေး၊ ဖေဖော်ဝါရီ ၁၀ ။                 ။ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသောရေယာဉ်များကို မောင်းနှင်သွားလာခဲ့သည့် ရေမိုင်အတိုင်း တွက်ချက်၍ ရေလမ်းဖြတ်သန်းခ များကောက်ခံနေကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ကပြောသည်။

ယခင်က ရေလမ်းအသုံးပြုခများကို ပုံသေကျသင့်ငွေဖြင့်သာကောက်ခံနေရာမှ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ မောင်းနှင်သွားလာနေသည့် ရေလမ်းမိုင်အတိုင်း တွက်ချက်၍ ပြောင်းလဲကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

" ဖြတ်သန်းခ ရတဲ့ငွေကို ရေလမ်းကြောင်းထိန်းသိမ်းရာမှာ အသုံးပြုမှာပါ။အရင်ကောက် ခဲ့တဲ့ နှုန်းထားတွေက ပုံသေပုံစံမျိုးဖြစ်နေတယ်။အခုနှုန်းထားကမိုင်နဲ့ တွက်ချက်ကောက်ခံတာ ကြောင့် နှစ်ဘက်မျှတပြီး သက်သာ သွားမှာပါ။"ဟု ဦးဝင်းလှိုင်က ပြောသည်။

မြစ်အတွင်းဖြတ်သန်းသွားလာမည့် မိုင်နှုန်းအတိုင်း ပေးဆောင်းပြီးပါက ကြားနေရာများရှိ ရေလမ်းအကောက်စခန်း များတွင် ထပ်မံပေးဆောင်ရန် မလိုတော့ပဲ ပြေစာသာပြ၍ ဆက်လက် ထွင်ခွာနိုင်ကြောင်း ထိုသို့တွက်ချက်ကောက် ခံရာ တွင်လည်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေယာဉ်လိုင်စင်ထုတ်ပေးစဉ်က ရေယာဉ်၏ သတ်မှတ်တန်ချိန်အတိုင်း သာတွက်ချက်ကောက်ခံမည်ဖြစ်သည်။

ဖြတ်သန်းခများမှာ အလျား ၃၉ပေအောက် စက် တပ်နှင့် စက်မဲ့ရေယာဉ် တစ်စီးလျင်ပုံသေနှုန်း ထား၂၀၀ကျပ်ကောက်ခံမည်ဖြစ်ပြီး ၃၉ပေ အထက်ဖြစ်ပါက တန်၁၀၀အောက်ရေလမ်း တစ်မိုင်လျှင်တစ် တန်ပြား၄၀နှုန်းနှင့်တန် ၁၀၀အထက်ဖြစ်ပါက ပြား၃၀နှုန်းကျသင့်မှာဖြစ်ကာ သွားလာသည့် ရေလမ်းမိုင်အတိုင်း တွက်ချက်ကောက်ခံသွားမည်ဖြစ်သည်။

မိုင်ဖြင့်တွက်ချက်မှုအရ တစ်တန်အောက် ရေယာဉ်များသည် တွံတေး၀ မှ ဟင်္သာတထိ ရေလမ်းမိုင်အကွာ အဝေး ၁၂၀ ရှိ၍ တစ်တန်လျင် ၄၈ကျပ် ကျသင့်မှာဖြစ်ပြီး၊ တစ်တန် အထက် ကျော်လွန်သည့် ရေယာဉ်များမှာ ရေလမ်းမိုင် ၁၂၀ အတွက် တစ်တန်လျင် ၃၆ကျပ်ကျသင့်မှာဖြစ်သည်ဟု ဦးဝင်းလှိုင် ကဆိုသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့တွင် ရေလမ်းအကောက်စခန်း ၁၀ ခုဖွင့်လှစ်မှာဖြစ်ပြီး မန္တလေး၊ မကွေး၊ ပြည် ၊မုံရွာ တို့တွင် ဖွင့်လှစ်ပြီးဖြစ်၍ ကလေးဝနှင့် ကသာ ရေလမ်းအကောက် စခန်းကို ဖေဖေါ်ဝါရီလအတွင်း ဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required