မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ (ရုပ်သံ)

By KMN (မဇ္ဈိမ)
20 March 2023
မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ (ရုပ်သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘေးက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မတ်လ ၁၄ ရက်နေ့ညကစပြီး မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာ‌တွေကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။

မတ်လ ၁၆ ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်တွေနဲ့  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားတွေဟာ မတ်လ ၁၈ ရက်နေ့ကစပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Doung Ni Defence Force-Wetlet အဖွဲ့တာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းက မြွေကူးတို့ဆိပ်ရွာ၊ မြွေပုသိမ်၊ မြွေတလိုင်းစတဲ့ ကျေးရွာ ၁၁ ရွာက  နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က  မီးရှို့ဖျက်ဆီးသွားတဲ့အတွက် ဒေသခံထောင်ချီဟာ နေစရာ အိမ်၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required