ရွာငံမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးခေါင်းဆောင်အား သုတ်သင်ခဲ့ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ကြေညာ

ရွာငံမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးခေါင်းဆောင်အား သုတ်သင်ခဲ့ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ကြေညာ

ဇွန် ၂၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မြောက်ပိုင်း၊ ဆင်နက်ချောင် ကျေးရွာနေ ပျူစောထီးခေါင်းဆောင်တစ်ဦးအား ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF(B-07)တပ်ခွဲမှ သေနတ် ဖြင့် ရှစ်ချက်ပစ်ခတ်၍ သုတ်သင်ခဲ့ကြောင်း ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာသည်။

ပျူစောထီးခေါင်းဆောင် ငအောင်ဆိုသူမှာ ရွာငံမြို့နယ် ကျောက္ကူပြင်ရွာမုန့်ဆိုင်တွင်ထိုင်နေစဉ် ဇွန်လ ၁၅ ရက် နံနက် ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ပစ်ခတ်ခံရသူ ငအောင်သည် ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖြစ်ကာ စစ်ကောင်စီတပ်မှ G3 အမျိုးစားသေနတ်ငါးလက်၊ ကျည် ၁၂,၀၀၀ နှင့် လက် ပစ်ဗုံးများတပ်ဆင်ပေးထား ခြင်းခံရပြီး ကျည်ကာအင်္ကျီအမြဲဝတ်ထားသူဖြစ်ကြောင်း သိရသည်။

“သူက ရွာငံမြိုနယ်ရဲ့မြောက်ပိုင်း ပျူစေားထီးခေါင်ဆောင်တစ်ယောက်ဖြစ်ပြီး အကြမ်းဖက်စကစနဲ့ပေါင်း ပြီး ပြည်သူတွေကိုဒုက္ခပေးနေလို့ ရှင်းရတာပါ။ ကျွန်တော်တို့ သေနတ်နဲ့ရှစ်ချက်ပစ်တာ သူကကျည်ကာ ဝတ်ထားတော့ မသေဘဲ လက်မောင်းနဲ့နံကြားဒဏ်ရာရပြီး အခုထိ ဆေးကုသမှုခံယူနေတယ်လို့ သိရ တယ်” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF ( B-06) မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF ( B-06) မှ ရွာငံမြို့ရှိ ပျူစောထီးဒလန်များကို ရှင်းလင်းလျက်ရှိရာ ပထမ ဆုံးရှင်းလင်းခံရသူမှာ ရွာငံမြို့တွင် ဒလန်အကြီးဆုံးဟုဆိုသူဦးအေးစိုးဖြစ်ပြီး ယခုရှင်းလင်းခံရသူ ငအောင် မှာ ဒုတိယမြောက်ဖြစ်ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့ JPGF ( B-06)ထံက သိရသည်။

#Mizzima

#ရှမ်းပြည်နယ်တောင်ပိုင်း

#ရွာငံမြို့နယ်

#ပျူစောထီးခေါင်းဆောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly