တရုတ်က စီးပွားရေးကို အသုံးပြုပြီး ပစိဖိတ်ဒေသတွင် သြဇာချဲ့ထွင်နေ

တရုတ်က စီးပွားရေးကို အသုံးပြုပြီး ပစိဖိတ်ဒေသတွင် သြဇာချဲ့ထွင်နေ

သြစတြေးလျနှင့် တခြားနိုင်ငံများက ပစိဖိတ်ဒေသအတွင်း ဆော်လမွန်ကျွန်းစုနှင့် လုံခြုံရေး သဘောတူ စာချုပ် ချုပ်ဆိုရန် ဆောင်ရွက်ခြင်းကဲ့သို့သော တရုတ်၏ လတ်တလောလုပ်ဆောင်မှုများကို စိန်ခေါ်ရန် ကြိုပမ်းချိန်တွင် အာရှအင်အားကြီး တရုတ်က သေးငယ်သောကျွန်းနိုင်ငံများနှင့် ခိုင်မာသော စီးပွားရေးဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် သြဇာချဲ့ထွင်နေသည်။

တရုတ်က ဆွဲဆောင်မှုရှိသည့် ငွေကြေး၊ လုံခြုံရေးနှင့် အခမ်းအနား၊အဆင့်အတန်းများရောနှောပြီး ထိုးဖောက် ဝင်ရောက်မှုကြောင့် သြစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်ကဲ့သို့ နိုင်ငံများက ဆော်လမွန်ကျွန်းစုကို ပေးသည့် အကူအညီ အနည်းငယ်သည် မိမိတို့ဘက်သို့ ဆွဲခေါ်ရန် မလုံလောက်တော့ကြောင်း Asia Nikkei က သတင်းဖော်ပြခဲ့သည်။

'တရုတ်က ပစိဖိတ်ကျွန်းစုခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအဆင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်တာက အလွန် ကောင်းတဲ့အရာပါ' ဟု Lowy Institute သုတေသနအဖွဲ့မှ သုတေသီနှင့် သြစတြေးလျ သံတမန်ဟောင်း မီဟိုင် ဆိုရာက ဆော်လမွန်ကျွန်းစုနှင့် အင်ဒိုနီးရှားနှင့် ပတ်သက်ပြီး အွန်လိုင်းတွင် ရေးသားခဲ့သည်ကို ကိုးကား၍ ဖော်ပြ ခဲ့သည်။

ထို့ပြင် ပစိဖိတ်ဒေသတွင် တရုတ်၏ ဆက်ဆံရေးသည် အကူအညီဖြင့် ပံ့ပိုးထားခြင်း မဟုတ်ဘဲ ကုန်သွယ်ရေးဖြင့် ပံ့ပိုးထားခြင်းဖြစ်ပြီး စီးပွားရေး ပံ့ပိုးမှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းစုကိစ္စတွင် တရုတ်သည် ပို့ကုန်၏ ၆၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် သွင်းကုန်မှု ၃၄ ဒသမ ၄ ရာခိုင် နှုန်းရှိကြောင်း စီးပွားရေးရှုပ်ထွေးမှု စောင့်ကြည့်လေ့လာရေး၏ နောက်ဆုံး အချက်အလက်များကို ကိုးကား၍ သတင်းက ဆိုသည်။

ထို့ပြင် ၂၀၂၀ပြည့်နှစ်က Brookings Institution အစီရင်ခံစာတွင် ဂျွန်နာသန် ပါကီက ပါပူဝါနယူးဂီနီမှ လွဲ၍ တရုတ်နှင့် ပစိဖိတ်ဒေသကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၃ခုနှစ်ကတည်းက သြစတြေး လျနှင့် ပစိဖိတ်ဒေသကြား ကုန်သွယ်မှုထက် ကျော်လွန်သွားကြောင်း မှတ်ချက်ပြုခဲ့သည်။

'ပစိဖိတ်ကျွန်းနိုင်ငံတွေကို ဝင်ငွေနဲ့ စိတ်တူကိုယ်တူ မဟာမိတ်အင်အားစုတွေအကြား ရွေးခိုင်းလို့ မရပါဘူး။ ပိုမိုကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေးက အဖြေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် အဖြေတစ်ခုလုံးမဟုတ်ပါဘူး 'ဟု ဆိုရာက ပြောကြားခဲ့သည် ' ယင်းပစိဖိတ်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုထိရောက်ရှိစေရန် တရုတ်က ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကာကွယ် ဆေးသံခင်းတမန်ခင်းကို အသုံးပြုနေသည်ဟုလည်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly