မြို့တော် ပေကျင်းအိမ်ရာဝန်းများတွင် ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းက တရုတ်အစိုးရအတွက် အခက်အခဲဖြစ်နေ

မြို့တော် ပေကျင်းအိမ်ရာဝန်းများတွင် ကိုဗစ်ကူးစက်မှုမြင့်တက်ခြင်းက တရုတ်အစိုးရအတွက် အခက်အခဲဖြစ်နေ

တရုတ်၏ ဘဏ္ဍာရေးအချက်အချာဖြစ်သော ရှန်ဟိုင်းမြို့တွင် ကူးစက်ရောဂါအခြေအနေသည် မတည်ငြိမ်သေး ခင် ကိုရိုနာဗိုင်းရပ်သည် ပေကျင်းမြို့သို့လည်း ပျံ့နှံ့သွားခဲ့သဖြင့် တရုတ်အစိုးရအတွက် အဓိက စိန်ခေါ်မှု တစ်ရပ် ဖြစ်လာခဲ့သည်။

ကျောင်းတွင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်စဉ် ရောဂါဖြစ်ပွားသူ အနည်းငယ်တွေ့ရှိပြီးနောက် လူဦးအထူထပ်ဆုံး ချောင်ယန်ခရိုင်တွင် အစုလိုက်အပြုံလိုက် စမ်းသပ်မှုကို စတင်ခဲ့ပြီး နေထိုင်သူ ၃ ဒသမ ၅ သန်းသည် ယခု သီတင်းပတ်တွင် ၃ ကြိမ်တိုင်တိုင် စစ်ဆေးခံရမည် ဖြစ်သည်။

ပေကျင်းမြို့တွင် အရေးမကြီးသော ပွဲတော်၊ အခမ်းအနားများနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်သိမ်းပြီးနောက် အထိတ် တလန့်ဝယ်ယူမှုများ စတင်ခဲ့သည်။

ပုံမှန်လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်လင့်ကစား တရုတ်ကွန်မြူနစ် ပါတီ (CCP) ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဆက်လက်အခိုင်အမာကိုင်စွဲထားသဖြင့် တရုတ်တွင် ကိုရိုနာ ရောဂါအခြေအနေကို ကိုင်တွယ်ဖြေရှင်းရေးသည် သမ္မတရှီကျင့်ဖျင်အတွက် အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေ သည်။

တရုတ်မြို့ကြီးများတွင် ကိုဗစ်-၁၉ ပျံ့နှံ့မှု ပိုများလာသည်နှင့်အမျှ နိုင်ငံ၏ ကိုဗစ်-၁၉ မူဝါဒအပေါ် မေးခွန်းထုတ် စရာများ မြင့်တက်လာခဲ့သည်။

ရှန်ဟိုင်းသည် ကိုဗစ်-၁၉ ဖြစ်ပွားမှု အဆိုးရွားဆုံးနှင့် ရင်ဆိုင်နေရပြီး အစားအသောက်နှင့် ဆေးဝါး ကုသရေး ကဲ့သို့သော အခြေခံ အထောက်အပံ့များကို အသည်းအသန် ရှာဖွေလျက်ရှိသည်။ ထို့ပြင် အစာစားအတွက်ပင် နေအိမ်မှထွက်ခွာခြင်းကို တားဆီးသည့် တင်းကျပ်သော ကိုဗစ်ပိတ်ဆို့ ကန့်သတ်မှုအစီအမံများကြောင့် ရှန်ဟိုင်းမြို့ခံများသည် ပြတင်းပေါက်များမှ အော်ဟစ်နေသည့် ထိတ်လန့် စရာကောင်းသည့် ဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။

မြို့တော်ပေကျင်းတွင်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၂၁ ခုကို မှတ်တမ်း တင်ပြီးနောက် သတိပေးချက်အဆင့်အမြင့်ဆုံး ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required