ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် သင်္ကြန်အကျနေ့ အသံတိတ်သပိတ်တွင် ပါဝင်ရန် တော် လှန်ရေးအင်အားစု တိုက်တွန်း နှိုးဆော်

ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် သင်္ကြန်အကျနေ့ အသံတိတ်သပိတ်တွင် ပါဝင်ရန် တော် လှန်ရေးအင်အားစု တိုက်တွန်း နှိုးဆော်

ထားဝယ်၊ ဧပြီလ၊ ၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် လာမည့် ဧပြီလ ၁၄ ရက်နေ့တွင် ကျရောက်မည့် သင်္ကြန် အကျနေ့တွင် အသံတိတ်သပိတ်ပြုလုပ်ရန် တော်လှန်ရေးအင်အားစုက တိုက်တွန်း နှိုးဆော်ထားသည်။

စစ်ကောင်စီက တစ်ဖက်တွင် ပြည်သူများကို ရက်ရက် စက်စက် သတ်ဖြတ်၍ အတုအယောင် ပြုလုပ်မည့် သင်္ကြန်ပွဲတော်ကို ပြည်သူများ အနေဖြင့် အသံတိတ် သပိတ် ပြုလုပ်ကြရန် ခရိုင်သပိတ်ကော်မတီက တိုက်တွန်း နှိုးဆော်စာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကျင်းပမည့် အတုအယောင် သင်္ကြန်ပွဲကို သပိတ်မှောက် ဆန့်ကျင်ကြောင်း ပြသသည့် အနေဖြင့် ပြည်သူများ အနေနဲ့ ဧပြီလ ၁၄ ရက်နေ့တွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီ အထိ နေအိမ် ပြင်ပသို့ ထွက်ခွာ သွားလာခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ တော်လှန်ရေးအင်အားစု၏ ခရိုင်ကော်မတီတို့က လူမှုကွန်ရက်များတွင် ရေးသားထားသည်။

သပိတ်ရဲ့ ရည်ရွယ်ချက်က တစ်တိုင်း ပြည်လုံး အမှောင်ထုထဲ ကျရောက် နေသည့် အခိုက် အတန့်ကို ဝမ်းနည်း ကြွေကွဲကြောင်း ပြသသည့် အနေဖြင့် တိတ်ဆိတ် ငြိမ်သက်ကြဖို့နဲ့ ၊ သင်္ကြန်လုပ်ပြီး ပြည်သူတွေ ငြိမ်ဝပ် ပိပြားနေပြီလို့ လိမ်လည်ပြသမှု ဒါမှမဟုတ် တော်လှန်ရေး‌ ရေလှိုင်းကို အရှိန်ကျ သွားစေဖို့ စစ်တပ်ရဲ့ အတု အယောင် ပျော်ရွှင်မှုများနှင့် အစားထိုး လှည့်ဖြားမှု အပေါ် ဆန့်ကျင်ကြောင်း ပြသဖို့ အတွက် ဖြစ်ကြောင်း သပိတ် ကော်မတီများက တိုက်တွန်းနှိုးဆော်ထားသည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်း မဏ္ဍပ်များ တည်ဆောက်ပြီး သင်္ကြန်ပွဲ ကျင်းပ နိုင်ရေး ကြိုးစား လုပ်ဆောင်နေသလို တစ်ဖက်တွင်လည်း အာဏာရှင် ဆန့်ကျင်ရေး အစုအဖွဲ့ အသီးသီးက သင်္ကြန်တွင် မပါဝင်ဖို့ ထုတ်ပြန်ချက်များလည်း အသီးသီး ထုတ်ပြန်ထားသည်။

#Mizzima

#တနင်္သာရီတိုင်း

#ထားဝယ်ခရိုင်

#ကော့သောင်းခရိုင်း

#တော်လှန်ရေးအင်အားစု

#အသံတိတ်သပိတ်

#အတုအယောင်သင်္ကြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly