အင်းစိန်မြို့နယ် မြကန်သာ ဂေါက်ကွင်းအတွင်း ရှော့တိုက်ဒုံးဟုယူဆရသည့်အရာဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား

အင်းစိန်မြို့နယ် မြကန်သာ ဂေါက်ကွင်းအတွင်း ရှော့တိုက်ဒုံးဟုယူဆရသည့်အရာဖြင့် ပစ်ခတ်ခံရမှုဖြစ်ပွား

ဧပြီ ၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းရှိ မြကန်သာဂေါက်ကွင်းအတွင်း ယနေ့ ဧပြီ ၉ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်တွင် ရှော့တိုက်ဒုံးဟုယူဆရသည့်အရာဖြင့် ပစ်ခတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းပစ်ခတ်ခံရမှုကြောင့် ဂေါက်ကွင်းအတွင်းရှိ ကျင်းအမှတ် ၁၈ နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ မြေကြီးအတွင်းသို့ အလျား ၂ ဒသမ ၅ပေ၊ အနံ ၁ပေ ခန့် ချိုင့်ဝင်ခဲ့ကာ ဂေါက်ကွင်းဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေရှိကြောင်း အမည်မဖော်သူလို လူမှုကူညီရေးအဖွဲ့တစ်ခုက ဆိုသည်။

“ ပေါက်ကွဲသံကတော့ ကျယ်တယ်လို့တော့ ပြောတယ်။ အခုတော့ လုံခြုံရေးအဖွဲ့တွေရောက်လာကြပြီး စစ်ဆေးမေးမြန်းတာတွေလုပ်နေကြတယ်။ ဗုံးတော့ မဟုတ်လောက်ဘူး။ အဝေးကလှမ်းပစ်တဲ့ ပုံစံပါ။ ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာတော့ လေးလက်မလောက်ရှိမဲ့ သံပိုက်စတစ်ခုနဲ့ အခြားအပိုင်းအစတွေ တွေ့တယ်” ဟုဆိုသည်။

ယင်းပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ကို မသိရသေးပေ။

#Mizzima

#ရန်ကုန်တိုင်း

#အင်းစိန်မြို့နယ်

#မြကန်သာဂေါက်ကွင်း

#ရှော့တိုက်ဒုံး

#ပစ်ခတ်မှုဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required