ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ကွန်မန်ဒို သင်တန်း အပတ်စဉ် (၁)  အောင်မြင်စွာ ပြီးစီး 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) ကွန်မန်ဒို သင်တန်း အပတ်စဉ် (၁)  အောင်မြင်စွာ ပြီးစီး 

မတ် ၅

ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF-Kanpetlet ၏ ကွန်မန်ဒို သင်တန်း အပတ်စဉ် (၁) မတ်လ ၂ ရက်တွင် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့ အနေနဲ့ လေ့ကျင့်သား ပြည့်ဝပြီး တိုက်ရည် ခိုက်ရည် ရှိတဲ့ ၊ ပြည်သူကို လေးစားတဲ့ ရဲဘော်တွေ ဖြစ်ဖို့ လေ့ကျင့် ပေးထားပါတယ်”  ဟု  CDF-Kanpetlet တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်တန်း၌ သင်တန်းသား ရဲဘော် ဦးရေ ၃၀ တက်ရောက်ခဲ့ပြီး သင်တန်းမှူး တစ်ဦးနှင့် သင်တန်းနည်းပြ ခုနစ်ဦးတို့က  သင်တန်းပို့ချခဲ့သည်။

ငွေရေးကြေးရေး နှင့် လုံခြုံရေးအရ သင်တန်းကာလကို လေးလအဖြစ် ကာလတို သတ်မှတ် ခဲ့ရသော်လည်း သင်တန်း ဖြစ်မြောက်ရေး အတွက် ခဲခဲယဉ်းယဉ်း လုပ်ကိုင်ခဲ့ရသည်ဟု CDF-Kanpetlet  တာဝန်ရှိသူထံက သိရသည်။ 

သင်တန်းမှူးသည် စစ်ကောင်စီတပ်မှ CDM လုပ်ထားသူ စစ်သင်တန်းမှူး ဟောင်း ဖြစ်ပြီး ကျန်သင်တန်းနည်းပြများတွင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များထံမှ ကွန်မန်ဒို သင်တန်း ဆင်းများထားသူများလည်း ပါဝင်ကြောင်း သိရသည်။ 

သင်တန်း ပြီးဆုံး သွားသော်လည်း ရဲဘော်များအား လက်နက် တပ်ဆင်ပေးနိုင်ရန် အခက်အခဲ ရှိသေးကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း နယ်စပ်၌ ကျောက်ထုမြို့သို့ ချီတက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ယမန်နေ့ မတ်လ ၄ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးကြောင်း CDF- Kanpetlet ထံက သိရသည်။
#MizzimaTV
#ကွန်မန်ဒိုသင်တန်း
#CDF-Kanpetlet

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required