မတူပီ အခြေစိုက်တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်အပြည့်စုံဖြင့် CD-FMatupi ထံပူးပေါင်း

မတူပီ အခြေစိုက်တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက်အပြည့်စုံဖြင့် CD-FMatupi ထံပူးပေါင်း

ဖေဖော်ဝါရီ ၆

ချင်းပြည်နယ်၊ အခြေစိုက် ခမရ (၃၀၄ )တပ်ရင်းမှ ကိုယ်ပိုင်အမှတ် (တ/၁၂၇၈၈ ) ဒုတပ်ကြပ် ဆန်းလင်းထွေးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် CDF-Matupi တပ်ရင်း (၄) ထံသို့ လက်နက် အပြည့်အစုံဖြင့် ဝင်ရောက်လာခဲ့သည်။

၎င်းသည် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိ သောကြောင့် CDF-Matupi ထံ ဆက်သွယ်လာခဲ့သဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက် နယ်မြေသို့ ကောင်းမွန်စွာ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်ဟု CDF- Matupi တပ်ရင်း (၄) က ထုတ်ပြန်ထားသည်။

မတူပီ အခြေစိုက် ခမရ (၃၀၄) တပ်ရင်းသည် မတူပီ-ပလက်ဝ လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အဆိုပါ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဝလံပီးကျေးရွာနေ အသက် ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required