CDMပြုလုပ်ထားသူများ၏ အမည်စာရင်းများကို သတင်းပေးသည့် ပဲခူးမြို့က ရာအိမ်မှူးအိမ် ဗုံးပစ်ခံရ

CDMပြုလုပ်ထားသူများ၏ အမည်စာရင်းများကို သတင်းပေးသည့် ပဲခူးမြို့က ရာအိမ်မှူးအိမ် ဗုံးပစ်ခံရ

အောက်တိုဘာ ၆

ပဲခူးမြို့တွင် CDMပြုလုပ်ထားသူများ၏ အမည်စာရင်းများကို စစ်‌ကောင်စီထံ သတင်းပေး‌သည်ဟု နာမည်ကြီးနေသူ ဒလန် ရာအိမ်မှူး အိမ် ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားကြောင်းသိရသည်။

ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ( ၇ ) လမ်းရှိ ရာအိမ်မှူး ကိုကျော်ကျော် အိမ်ကို ယနေ့အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်ကဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပဲခူး PDF ) ၏ တာဝန်ရှိသူက က ပြောသည်။

“သူက ရပ်ကွက်ကထဲက CDM စာရင်းတွေကို စကစကို သတင်းပေးတယ် ။ နောက်ပြီး သူက ကြံ့ခိုင်ရေးအမာခံ သတင်းပေးပါ”ဟု ၎င်းက ဆိုသည်။

သတင်းပေးရာအိမ်မှူး ကိုကျော်ကျော်၏ နေအိမ်ကို ဗုံးဖြင့်ပစ်ခံရပြီး ၎င်း၏ ခြေထောက်ထိခိုက်ဒဏ်ရာရကာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required