စက်တင်ဘာ ၂၉
စစ်ကောင်စီတပ်က ထားဝယ်တွင် အမြှောက်ပစ်လေ့ကျင့်ပစ်ခတ်မှုများ ယနေ့ ည ၈နာရီအချိန်ခန့်မှစတင်ပြုလုပ်နေရာ ပတ်ဝန်းကျင်ဒေသမှပြည်သူများ စိုးရိမ်ပူပန်မှုများရှိနေကြသည်။
တနသ်ာရီတိုင်းဒေသကြီးအတွင်း ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြား ရှိ ကျွန်းလေးကျွန်းအား စက်တင်ဘာလ ၃၀ ရက်နေ့အထိ အမြှောက်လေ့ကျင့် ပစ်ခတ်မှုပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ တပ်က စက်တင်ဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခဲ့သည်။
" ၈ နာရီ မထိုးခင်လေး၊ ဒီည တညလုံးပဲ ပစ်နေမလားဆိုတာတော့ မသိသေး။ လက်နက်ကြီးကျမဲ့အရပ်မသိသေးပါ။" ဟု ဒေသခံတစ်ဦးက ပြောသည်။
အမြှောက်ပစ်စတင်ပြီး နာရီဝက်ခန့်အချက်ရေများများဖြင့် ပစ်ခတ်ခဲ့ရာ ကမြော ကင်းတံတားနှင့်နီးသော နေအိမ်များကတော့ မြေကြီးတုန်ခါမှုများ ရှိနေခဲ့သည် ဟုဆိုသည်။
ထားဝယ်မြို့ရှိ ကာကွယ်ရေးတပ် (PDF)များကို သင်တန်းများပို့ချရာနေရာများ ကို စစ်ကောင်စီတပ်က ရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။